အီရန် သမ္မတဟောင်း Rafsanjani ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ မှတ်ပုံတင်

Image caption သမ္မတဟောင်း ရပ်ဖ်ဆန်ဂျာနီနဲ့ ဘာသာရေး ခေါင်းဆောင် ခိုမေနီ

အီရန်နိုင်ငံမှာ သမ္မတဟောင်း Ali Akbar Hashemi Rafsanjani ဟာ လာမယ့်လ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ဖို့ မှတ်ပုံတင်လိုက်ပါပြီ။

အသက် ၇ဂနှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာ ရက်ဆန်ဂျနီဟာ ရွေးကောက်ပွဲ ကိုယ်စားလှယ် အဆိုပြုလွှာ စာရင်း ပိတ်ခါနီး မိနစ်ပိုင်း အလိုမှာ သူ့နာမယ် စာရင်းသွင်းခဲ့တာ ဖြစ်ပါတယ်။

အီရန်ရဲ့ ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei နဲ့ နီးစပ်တဲ့ သဘောထား တင်းမာသူတွေ အတွက်တော့ မစ္စတာ ရက်ဖ်ဆန်ဂျာနီ အခုလို ရွေးကောက်ပွဲ ဝင်ပြိုင်မယ် ဆိုတာ စိန်ခေါ်မှု တရပ်ဘဲလို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

အီရန်ရဲ့ နျူကလီးယား ညှိနှိုင်းရေးမှူး Saeed Jalili ကလည်း မှတ်ပုံတင်ခဲ့ပါတယ်။

လက်ရှိ သမ္မတ မာမွတ် အာမက် ဒီနာဂျက်ဒ် ကတော့ သမ္မတ သက်တမ်း နှစ်ကြိမ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဖြစ်တဲ့ အတွက် ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်လို့ မရတော့ဘူးလို့ သိရပါတယ်။