ပါကစ္စတန် ရွေးကောက်ပွဲ အပြီး ဝန်ကြီးချုပ်ဟောင်း Nawaz Sharif အောင်ပွဲခံ

Image caption အောင်ပွဲခံသူ ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ် ရှာရစ်ဖ်

ပါကစ္စတန်မှာ ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ဟာ မနေ့က စနေနေ့တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့ရဲ့ Muslim League ပါတီက လွှတ်တော်မှာ အမတ်နေရာ အများဆုံး ရတယ် ဆိုတဲ့ ကနဦး အရိပ်လက္ခဏာတွေ တွေ့ခဲ့ရပြီးတဲ့နောက် လမ်းပေါ်ထွက် ပျော်မြူးနေတဲ့ သူ့ထောက်ခံသူတွေနဲ့ အတူ အောင်ပွဲခံခဲ့ပါတယ်။

ပါကစ္စတန်မှာ အပြောင်းအလဲတွေ လုပ်ဖို့နဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သူ့နေရပ် လာဟိုးမြို့မှာ ဘီဘီစီကို မစ္စတာ ရှာရစ်ဖ် က ပြောကြားခဲ့ပါတယ်။

အရင်က လွှတ်တော်ထဲမှာ အမတ်နေရာ တခုမှ ရမထားတဲ့ ခရစ်ကတ် ချန်ပီယန် အကျော်အမော် ဟောင်း Imran Khan ရဲ့ ပါတီ ထိပ်တန်း ခေါင်းဆောင် ကလည်း သူတို့ ပါတီက လွှတ်တော်ထဲမှာ အမတ်နေရာ ဒုတိယ အများဆုံး ရတဲ့ အမျိုးသား ပါတီ ဖြစ်တယ်လို့ ဆိုပါတယ်။

မဲဆွယ်ပွဲတွေနဲ့ ရွေးကောက်ပွဲ အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပေမယ့်လည်း မဲလာပေးသူ ၆ဝ ရာခိုင်နှုန်း ရှိခဲ့ပြီး ဒါဟာ နှစ်သုံးဆယ်ကျော် အတွင်း မဲလာပေးမှု အများဆုံးလို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ