ကလေးဖျက်ချတဲ့ ဆရာဝန် အပြစ်ရှိကြောင်း စီရင်ခံရ

  • 14 မေ 2013
Image caption အပြစ်ရှိကြောင်း စီရင်ခံရတဲ့ Kermit Gosnell

အမေရိကန် ပြည်ထောင်စု ဖီလာဒဲလ် ဖီးယား ပြည်နယ်က ဆရာဝန် တယောက်ဟာ ဆင်းရဲတဲ့ အမျိုးသမီးတွေ အတွက် ကလေးဖျက်ချပေးပြီး အရှင် မွေးလာတဲ့ ကလေး သုံးယောက်ကို သတ်မှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက် ချခံ ခဲ့ရပါတယ်။

Kermit Gosnell ဆိုတဲ့ ဆရာဝန်ဟာ ကိုယ်ဝန် အရင့်အမာနဲ့ အမျိုးသမီးတွေကို သားဖျက်ချရာမှာ အရှင်မွေးလာတဲ့ ကလေးတွေရဲ့ အဓိက ကျောရိုး အာရုံကြောကို တမင် ဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။

တရားခံ ရှေ့နေတွေကတော့ မွေးလာတဲ့ ကလေးတွေဟာ ရှင်လျက် မွေးလာတဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပေမယ့် မျက်မြင် သက်သေတွေ ပြောချက်အရ မွေးလာတဲ့ ကလေတွေ အသက်ရှုနေတာ ၊ လှုပ်နေပြီး ကလေးအသံတွေ ကြားရတယ်လို့ ပြောပါတယ်။

ဒေါက်တာ ဂျော့စ်နဲလ်ဟာ အခုတော့ သေဒဏ် ကျခံရနိုင်ဖွယ် ရှိပါတယ်။

အရင်ကလည်း ဘူတန်က ဒုက္ခသည် တယောက် ကလေးဖျက်ချဖို့ စောင့်နေတုန်း အကိုက်အခဲပျောက်ဆေးနဲ့ အိပ်ဆေးတွေ သူက အလွန်အကျွံ ပေးခဲ့တဲ့ အတွက် သေဆုံးသွားရမှု အပေါ် အပြစ်ရှိခဲ့သူ ဖြစ်ပါတယ်။