ကိုရိုနာ ဗိုင်းရပ်စ် ပိုးသစ် စိုးရိမ်ရ

corona
Image caption novel coronavirus ကြောင့် လူလူချင်း ကူးစက်နိုင်

ကိုရိုနာ ဗိုင်းရပ်စ် ပိုးသစ် တိုးပွားလာမှုကြောင့် လူလူချင်း ကူးတဲ့ အအေးမိ အဆုတ်ရောင် ရောဂါတွေ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဆိုပါတယ်။

ပြင်သစ် နိုင်ငံမှာတော့ ဒီဗိုင်းရပ်ကြောင့် ဖြစ်ပွားတဲ့ အဆုတ် အအေးမိ ရောဂါသည်နဲ့ ဆေးရုံ တခန်းထဲ တက်ခဲ့မိတဲ့ အမျိုးသား တယောက်ကို အထူး ကြပ်မတ် ကုသ နေရပါတယ်။

၂ဝ၁၂ ခုနှစ်မှာ ဒီရောဂါ လက္ခဏာတွေ စတွေ့ခဲ့ပြီးနောက် ဖြစ်ပွားတဲ့ လူနာ ၃၃ ယောက် ရှိနေပြီ ဖြစ်ပြီး သေဆုံးသူ ၁၈ ယောက် ထိ ရှိခဲ့ပါတယ်။

ဆော်ဒီအာရေဗျမှာ အများဆုံး သေဆုံးခဲ့ပြီး ဂျော်ဒန်၊ ကာတာ၊ အာရပ် စော်ဘွားများ ပြည်ထောင်စု၊ ဗြိတိန် နဲ့ ပြင်သစ် နိုင်ငံတွေမှာလဲ မကြာခင်က ဖြစ်ပွားခဲ့ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသားတွေမှာ အများဆုံး ကူးစက် ခဲ့တာပါ။

ဒီ ကိုရိုနာ ဗိုင်းရပ်စ် ပိုးသစ်ဟာ သာမန် အအေးမိ ရောဂါနဲ့ ဆားစ် အဆုတ်ရောင် ရောဂါတွေနဲ့ မျိုးရင်းတူတဲ့ ဗိုင်းရပ်စ် အုပ်စုတစု ထဲက ဖြစ်ပါတယ်။