ပါကစ္စတန်ရွေးကောက်ပွဲ ကနဦးရလဒ် ထုတ်ပြန်

Image caption မွတ်ဆလင် အဖွဲ့ချုပ် တပါတီတည်း လွတ်လွတ် ကျွတ်ကျွတ် အစိုးရ ဖွဲ့နိုင်ဖို့ နီးကပ် လာနေပြီလို့ အကဲခတ်တွေပြော

ပါကစ္စတန် နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း နဝက် ရှရစ်ဖ် ခေါင်းဆောင်တဲ့ မွတ်ဆလင် အဖွဲ့ချုပ် ဟာ တခြား ပါတီတွေနဲ့ ညွန့်ပေါင်း လုပ်စရာ မလိုဘဲ အစိုးရဖွဲ့ နိုင်ဖို့ အခြေအနေ ပိုများ လာနေတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကနဦး မဲရလဒ်တွေက ဖေါ်ပြနေ ပါတယ်။

နိုင်ငံရေး အကဲခတ်တွေ ကလည်း မွတ်ဆလင် အဖွဲ့ချုပ် တပါတီတည်း လွတ်လွတ် ကျွတ်ကျွတ် အစိုးရ ဖွဲ့နိုင်ဖို့ နီးကပ် လာနေပြီလို့ ပြောပါတယ်။

ပါကစ္စတန်ရဲ့ အိမ်နီးချင်း နိုင်ငံကြီး ဖြစ်တဲ့ တရုတ် နိုင်ငံ ကလည်း အခုလို မဲရလဒ် အပေါ် ကြိုဆိုလိုက်ပါတယ်။

မစ္စတာ ရှရစ်ဖ် ကတော့ တကယ်လို့ အစိုးရ ဖွဲ့ဖို့ မဲလို ခဲ့မယ် ဆိုရင် တသီး ပုဂ္ဂလ ကိုယ်းစားလှယ် တွေနဲ့ ညွန့်ပေါင်း ဖွဲ့ဖို့ အတွက် စဉ်းစားနေ ပါတယ်။

အခု လောလောဆယ် အချိန်မှာတော့ ၉၀ ရာခိုင်နှုန်း သော မဲရုံ တွေဟာ ကျေနပ် လက်ခံ နိုင်လောက်တဲ့ အနေ အထားမျိုး ရှိတယ်လို့ အီးယူက ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့် သူတွေက ပြောပါတယ်။ ဒါပေမယ့်လည်း တချို့ နေရာတွေ မှာတော့ ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ အကြမ်းဖက် မှုတွေကြောင့် မဲပေးပွဲ တွေကို အနှောင့် အယှက် ဖြစ်စေ ခဲ့တယ်လို့ ဆိုပါတယ်။

အခု အကြိမ်ဟာ မစ္စတာ ရှရစ်ဖ် အတွက် တတိယ အကြိမ်မြောက် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူ ရမယ့် အကြိမ် ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်တုန်းက စစ်တပ်က အာဏာ သိမ်းခဲ့ပြီး ရာထူးက ဖြုတ်ချ ခံခဲ့ရလို့ အဝေးရောက် အဖြစ် နှစ်ပေါင်း များစွာ ရပ်တည် ခဲ့ဖူးတဲ့ မစ္စတာ ရှရစ်ဖ် အတွက် အခုလို ဝန်ကြီးချုပ် ပြန်ဖြစ် လာတာဟာ အင်မတန် ထူးခြား လှတယ်လို့ ပြောရမှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ