မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီ ရင်သား နှစ်ဘက်လုံး ဖြတ်ထုတ်

Hollywood Actress  Angelina Jolie
Image caption ဖေဖော်ဝါရီလ ကတည်းက ခွဲစိတ် ဖြတ်တောက် ရေး အစီအစဉ် စတင်ခဲ့

ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင် မင်းသမီး အိန်ဂျယ် လီနာ ဂျိုလီ Angelina Jolie က ကင်ဆာ ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် လျှော့ချနိုင် စေဖို့ သူ့ရဲ့ ရင်သား နှစ်ဘက် စလုံးကို ခွဲစိတ် ဖြတ်ထုတ် ပစ်ခဲ့ကြောင်း ထုတ်ဖော် ကြေညာလိုက် ပါတယ်။

အိန်ဂျယ် လီနာ ဂျိုလီက သူ့မှာ ရင်သား ကင်ဆာ ဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်း နီးပါး ရှိတဲ့ မျိုးဗီဇ ရှိနေတဲ့ အတွက် အခုလို ဖြတ်တောက် ပစ်ဖို့ ဆုံးဖြတ် ခဲ့တာလို့ နယူးယောက်တိုင်းမ်စ် New York Times သတင်းစာ ကြီးမှာ ရေးသား ထားပါတယ်။

သူ့ရဲ့ မိခင်ဟာလည်း ရင်သား ကင်ဆာနဲ့ပဲ ကွယ်လွန် ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ကင်ဆာ ရောဂါကြောင့် သူ့ သားသမီးတွေ အမေကို ဆုံးရှုံး သွားမှာ စိုးရိမ် စရာ မလို တော့ဘူး ဆိုပြီး သားသမီး တွေကို ပြောနိုင်ပြီလို့ အိန်ဂျယ် လီနာ ဂျိုလီက ပြောပါတယ်။

သူ ခွဲစိတ် ကုသမှု ခံယူခဲ့စဉ် အနားမှာ တစ်ချိန်လုံး ရှိနေခဲ့တဲ့ သူ့ရဲ့ ပါတနာ ဖြစ်သူ နာမည်ကျော် မင်းသား ဘရက် ပစ်တ် Brad Pitt ကို အိန်ဂျယ် လီနာ ဂျိုလီက ချီးမွမ်း ပြောဆိုခဲ့ ပါတယ်။