အသည်းစား သူပုန် ဗီဒီယိုထွက်

  • 14 မေ 2013
Syria

အင်တာနက်တွေ ပေါ်မှာ ပျံ့နှံ့နေတဲ့ ဆီးရီးယား နိုင်ငံက ရရှိတဲ့ ဗီဒီယိုတစ်ခုနဲ့ ပတ်သက်ပြီး ကျယ်ကျယ် ပြန့်ပြန့် ဝေဖန် ပြောဆို တာတွေ ရှိနေ ပါတယ်။

အဲဒီထဲမှာ အစွန်းရောက် အစ္စလာမ်မစ် သူပုန် တပ်မှူးကြီး တစ်ယောက်လို့ ဖော်ပြထားတဲ့ အမျိုးသား တစ်ယောက်က စစ်သားတွေကို ရည်ညွှန်းပြီး သမ္မတ ဘာရှား စစ်ခွေးတွေရဲ့ အသည်းတွေ နှလုံး တွေကို စားပစ်မယ်လို့ ကြုံးဝါး နေတာကို မြင်တွေ့ရပါတယ်။

အစိုးရစစ်သား အလောင်းတလောင်းကို ရင်ခွဲပြီး အသည်းနဲ့ နှလုံးကို ထုတ်၊ ပါးစပ်မှာကိုက်ပြရင်း ကြုံးဝါးနေတာဖြစ်ပါတယ်။

HRW လူ့ အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့က ဒီလို ပြစ်မှုမျိုး လုပ်ဆောင်သူ ဘယ်သူ့ကို မဆို နိုင်င့တကာ တရားရုံးကို လွှဲပြောင်း ပေးသင့်တယ်လို့ ပြောပါတယ်။

ဆီးရီးယား အဓိက အတိုက်အခံ အဖွဲ့ ကလည်း ကျူးလွန်သူကို ရုံးတင် စစ်ဆေးမယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ တခြား နိုင်ငံ တွေက သူပုန်တွေကို လက်နက် ထောက်ပံ့ဖို့ ချိန်ဆ နေတဲ့ အခုလို အချိန်မှာ ဒီဗီဒီယို ထွက်လာတာဟာ အတိုက် အခံတွေ အတွက် နိုင်ငံရေး အရ ထိခိုက် နိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နှစ်နှစ်ကျော် ကြာ အကြမ်း ဖက်မှုတွေ ဖြစ်ခဲ့ရာမှာ အခု တွေရတဲ့ ဗီဒီယိုက ထိတ်လန့် စက်ဆုပ် ဖွယ်ရာ အကောင်းဆုံး ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဖော်ပြပါတယ်။