လူ သန္ဓေသားလောင်း ပုံတူမျိုးပွားပြီ

  • 15 မေ 2013
cloning
Image caption သန္ဓေသားကို ကလေး ဖြစ်ဖို့ထိ ဖန်တီးဖို့ မရည်ရွယ်

လွန်ခဲ့တဲ့ ၁၅ နှစ်က ပုံတူ မျိုးပွား နည်းပညာနဲ့ သိုးမလေး ဒေါ်လီကို မွေးထုတ် ခဲ့ပြီးနောက် ဒီနည်းပညာနဲ့ပဲ ပထမဆုံး လူ သန္ဓေသားကို ဖန်တီး နိုင်ခဲ့ပြီလို့ အမေရိကန် သိပ္ပံ ပညာရှင် တစုက ပြောကြား လိုက်ပါတယ်။

သန္ဓေသားလောင်းက အနုဆုံး အဆင့်မှာပဲ ရှိပါသေးတယ်။ ဒီသန္ဓေသားကို ကလေး တယောက် ဖြစ်ဖို့ထိ ဖန်တီးဖို့ မရည်ရွယ်ဘူးလို့ သိပ္ပံ ပညာရှင်တွေက သတိထား ပြောနေကြပါတယ်။

ဒီနည်းပညာနဲ့ ဆဲလ်မျိုးစုံ အသွင် ကူးပြောင်းနိုင်တဲ့ ပင်မဆဲလ်တွေ ဖန်တီး ထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး ဒီနည်းနဲ့ ဆေးပညာကို တခေတ်ပြောင်း တော်လှန် နိုင်တော့မယ်လို့ ယုံကြည် မျှော်လင့် နေကြတာ ဖြစ်ပါတယ်။

ဒီအင်အေ ဖယ်ထားတဲ့ မျိုးဥ ထဲကို အရွယ်ရောက်ပြီးသား ဆဲလ် တခုကနေ ပြောင်းလဲယူခဲ့တယ်လို့ သြရီဂွန် ပြည်နယ်က သိပ္ပံ ပညာရှင်တွေက ဆိုပါတယ်။

မအောင်မြင်တဲ့ မျိုးဥတွေ ကို သုံးပြီး သန္ဓေသား ပင်မဆဲလ်တွေ တည်ဆောက်ဖို့ အသုံးပြု ခဲ့ပါတယ်။

ဒီပင်မဆဲလ်တွေကနေ ခန္ဓာကိုယ် အနှံ့အပြားက ဆဲလ်ပေါင်းစုံကို ဖန်တီးယူခဲ့တာ ဖြစ်ပါတယ်။

ဒီဆဲလ်တွေကို ပျက်စီးတဲ့ အသား တစ်ရှူးစတွေကို အစားထိုးရာမှာနဲ့ ရောဂါကုသရာတွေမှာ သုံးဖို့လဲ တောင်းဆို နေကြပါတယ်။