စီးပွားပျက်ကပ်မှာ ပြင်သစ်ပါဝင်လာ

  • 15 မေ 2013
France
Image caption အလုပ်ရှာဖွေနေကြသူ ပြင်သစ် အလုပ်လက်မဲ့များ

ယူရိုဇုံရဲ့ ဒုတိယ အကြီးဆုံး စီးပွားရေးဖြစ်တဲ့ ပြင်သစ် နိုင်ငံမှာ စီးပွားရေး ဆုတ်ယုတ်မှု ဖြစ်နေပြီလို့ အတည်ပြုလိုက်ပါတယ်။

ပြင်သစ် စီးပွားရေးဟာ ပုံမှန် တိုင်း တိုးတက်မလာတာ တနှစ်ကျော် ကြာပြီးနောက် ပြီးခဲ့တဲ့ ၂၀၁၂ နှစ်ဆန်းပိုင်းကစတင်ပြီး ဆုတ်ယုတ်လာခဲ့တာပါ။

အခုဒီလို သတင်း ထုတ်ပြန်တဲ့နေ့ဟာ သမ္မတ ဖရန်ဆွာ အော်လန်း သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ ပထမနှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

အခုလို စီးပွားရေး ကျဆင်းရတာဟာ စားသုံးသူတွေရဲ့ ယုံကြည်မှု ကျဆင်းလာတဲ့အချက်နဲ့ အခုအခါ ၁၁ ရာနှုန်းနားကပ်လာပြီဖြစ်တဲ့ အလုပ်လက်မဲ့ ပမာဏ တိုးမြင့်လာမှုတို့ကြောင့်ဖြစ်တယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

ယူရိုဇုံ တခုလုံးရဲ့ စီးပွားရေး အခြေအနေဟာ အကျဘက်ကို ဦးတည်နေပြီး ယူရိုဇုံရဲ့ အကြီးဆုံးစီးပွားရေး ဖြစ်တဲ့ ဂျာမဏီတနိုင်ငံတည်းသာ သူ့ရဲ့ ပထမ ၃ လပတ်မှာ သုည ဒသမ တစ်ရာနှုန်း တိုးတက်ခဲ့တဲ့ အတွက် နှေးနှေးကွေးကွေး တိုးတက်နေတယ်လို့ဆိုနိုင်ပါတယ်။