ဆီးရီးယား အကျဉ်းထောင်ကို သူပုန်အဖွဲ့တိုက်ခိုက်

  • 15 မေ 2013
Syria
Image caption ဆီးရီးယား သူပုန်တပ်သား တချို့

ဆီးရီးယား ဒုတိယမြို့တော် အလက်ပို ကလာတဲ့ သတင်းတွေအရ အဓိက အက ကြီးကို ထိန်းချုပ်ရေးအတွက် သူပုန်တပ်ဖွဲ့တွေနဲ့ အစိုးရ တပ်တွေတိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။

အစိုးရတပ်ဘက်က ပြန်လည် တိုက်ခိုက်တဲ့ အတွက် သူပုန်စစ်သား အများအပြားသေဆုံးခဲ့တယ်လို့ အစိုးရဘက်က ပြောပါတယ်။

အစိုးရဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တင့်ကား အသုံးပြုပြီး အမြှောက်နဲ့

ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သူပုန်ဘက်က စောင့်ကြည့် လေ့လာ သူတွေက ပြောပါတယ်။

တိုက်ပွဲဆက်လက်ဖြစ်ပွားနေတုန်းပဲလို့ ဘီဘီစီ ဒမာ့စကတ် သတင်းထောက်ကဆိုပါတယ်။