ထိုင်ဝမ် ငါးဖမ်းသမား သေဆုံးမှု ဖိလစ်ပိုင် တောင်းပန်

protest
Image caption တိုင်ပေမှ ဖိလစ်ပိုင် ဆန့်ကျင် ဆန္ဒပြမှု

ထိုင်ဝမ် ငါးဖမ်းသမား တယောက်ကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သတ်ဖြတ်လိုက်တဲ့ ကိစ္စအတွက် ဖိလစ်ပိုင် သမ္မတ ဘန်နစ်ဂ်နို အကီနိုက တောင်းပန်လိုက်ပါတယ်။

ထိုင်ဝမ်နဲ့ ဖိလစ်ပိုင် အကြား စိတ်ဝမ်းကွဲပြားမှု ဖြစ်စေခဲ့တဲ့ ဒီဖြစ်ရပ်အတွက် အထူးဝမ်းနည်းပါကြောင်း သမ္မတ မစ္စတာအကီနိုပါးလိုက်တဲ့ သတင်းစကားကို ပို့ဆောင်ပေးမဲ့ အထူးသံတမန်တယောက် ထိုင်ဝမ်ကိုသွားမှာဖြစ်ကြောင်း သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ကပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် ထိုင်ဝမ်က သူတို့ရဲ့ သံတမန်တွေ ပြန်လည် ရုပ်သိမ်းခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ခေါ်ယူမှုကိုလည်း ဆိုင်းငံ့ခဲ့ပါတယ်။

ထိုင်ဝမ် မှာက ဖိလစ်ပိုင်က အလုပ်သမား ၈၈၀၀၀ လောက် လာရောက် အလုပ်လုပ် နေကြတာ ဖြစ်ပါတယ်။

အဲဒီ ထဲက အများစုကတော့ ကုန်ထုတ် လုပ်ငန်း တွေမှာ လုပ်ကိုင်နေကြတာပါ။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က က အသက် ၆၅ နှစ် ရှိပြီ ဖြစ်တဲ့ ထိုင်ဝမ် ငါးဖမ်းသမား မစ္စတာ ဟုန်းရဲ့ လှေကို ကို ဖိလစ်ပိုင် ကမ်းခြေစောင့် တွေက ပစ်ခတ် ခဲ့လို့ သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က မစ္စတာဟုန်းက သူရဲ့ လှေနဲ့ သူတို့ရဲ့ ရေယာဉ်ကို ဝင်ပြီးဆောင့် တော့မယ် ထင်လို့ အခုလို ပစ်ခဲ့တာလို့ ဆိုပါတယ်။

ဗုဒ္ဓဟူး နေ့ အစောပိုင်းက ထိုင်ဝမ် ဆိုင်ရာ ဖိလစ်ပိုင် ကိုယ်စားလှယ်က အဲဒီ အဖြစ်အပျက် အတွက် တောင်းပန်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီကိစ္စ အတွက် ၃ ရက် အတွင်း တောင်းပန်ဖို့ ထိုင်ဝမ်က တောင်းဆိုထားခဲ့တဲ့ အချိန်ကျော်မှ တောင်းပန် ခဲ့တာ ဖြစ်ပါတယ်။

တဘက်မှာလည်း မနီလာက ဒီသေဆုံး ခဲ့ရတဲ့ လူရဲ့ မိသားစုကိုနစ်နာကြေး ပေးမယ်၊ ဒီအဖြစ်အပျက်အတွက် ပူးပေါင်း စစ်ဆေးမှုတွေ လုပ်ဖို့ ပါ ဘဘောတူခဲ့တဲ့ အကြောင်း ထိုင်ဝမ်မှာ ရှိတဲ့ ဖိလစ်ပိုင် ကိုယ်စားလှယ် ရုံးက အကြီးကဲ ဖြစ်တဲ့ အန်တိုနီယို ဘဆီလီယိုက ကပြောပါတယ်။

ဒါပေမယ့်လည်း ထိုင်ဝမ် သမ္မတ ကတော့ ဒီတောင်းပန်ချက်က အထက်ပိုင်းက လာတာ မဟုတ်သလို စိတ်မပါ့တပါ ဖြစ်နေတယ်လို့ ယူဆတဲ့ အကြောင်း သမ္မတရဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။