ပြည်ပ ခရီးသွား တရုတ်တွေ ပိုယဉ်ကျေးသင့်

Chinese tourists
Image caption တရုတ် လူမျိုးတွေ ကမ္ဘာ အနှံ့ ပိုမို ခရီးသွားလာ နေကြ

တရုတ် နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်တွေ နိုင်ငံ ရပ်ခြားကို ခရီးသွားရင် ယဉ်ယဉ် ကျေးကျေး ပြောဆို ပြုမူဖို့ တရုတ် ထိပ်တန်း အရာရှိကြီး တစ်ယောက်က အစိုးရ သတင်း မီဒီယာမှာ ထုတ်ဖော် တိုက်တွန်းလိုက် ပါတယ်။

တရုတ် နိုင်ငံက ဒုတိယ ဝန်ကြီးချုပ် လေးယောက်ထဲက တစ်ယောက်ဖြစ်သူ မစ္စတာ ဝမ်ယန် Wang Yang က မယဉ်ကျေးတဲ့ တရုတ် ကမ္ဘာလှည့် ခရီးသည် တချို့ကြောင့် နိုင်ငံရဲ့ သိက္ခာ ထိခိုက် စေတယ်လို့ ပြောခဲ့ တာပါ။

တရုတ် နိုင်ငံသား တွေရဲ့ မကောင်းတဲ့ အမူ အကျင့်တွေ ထဲမှာ အများ ပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ စကားတွေ အော်ကြီး ဟစ်ကျယ် ပြောဆိုတာနဲ့ တံတွေးထွေးတာ တွေကို နမူနာ ရွေးထုတ် ပြောခဲ့ပါတယ်။

တချို့ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေရဲ့ ပြုမူ ပြောဆိုမှု အဆင့် အတန်း သိပ်မမြင့်မားဘူး လို့လည်း မစ္စတာ ဝမ်ယန်က ပြောပါတယ်။

တရုတ် လူမျိုးတွေ ပိုပြီး ကြွယ်ဝ ချမ်းသာ လာတဲ့ အတွက် ပြည်ပကို အပန်းဖြေ ခရီး ထွက်ကြတဲ့ အလေ့ အထ ကလည်း ပိုမို ခေတ်စား လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ