ဖန်ပြွန် သန္ဓေသား ဖန်တီးမှု အောင်မြင်ရေး ပိုမျှော်လင့်နိုင်

Embryo
Image caption အအောင်မြင်ဆုံး ဖြစ်နိုင်မယ့် သန္ဓေသား လောင်းကို စောင့်ကြည့်ပြီး သိနိုင်ဖွယ်ရှိ

သားသမီး မရတဲ့ စုံတွဲ တွေကို ဖန်ပြွန် သန္ဓေသား နည်းနဲ့ ကုသရာမှာ မျိုးအောင် နိုင်တဲ့နှုန်း သိသိ သာသာ တိုးတက် နိုင်တဲ့ နည်းလမ်း တစ်ရပ် တွေ့ရပြီလို့ ဗြိတိန် နိုင်ငံက ဆေးသုတေသီ တွေက ယူဆ နေကြပါတယ်။

အဲဒီ နည်းလမ်း တွေထဲမှာ သန္ဓေ သားလောင်း ရှင်သန် ပေါက်ဖွားအောင် ဖန်တီးတဲ့ ဖန်ပြွန် အတွင်း သန္ဓေ သားလောင်းတွေ တဖြည်းဖြည်း ကြီးထွား လာတာကို စက္ကန့် အနည်း ငယ် တိုင်းမှာ စောင့်ကြည့် ဓါတ်ပုံ ရိုက်ယူ တာလည်း ပါဝင် ပါတယ်။

သန္ဓေ သားလောင်း တွေကို တတ်နိုင် သလောက် မထိခိုက် စေဘဲ မိခင်ရဲ့ သားအိမ်ထဲ ထည့်သွင်း ပေးဖို့ အကောင်းဆုံး ဖြစ်မယ့် သန္ဓေ သားလောင်းကို ပိုမို ထင်ထင် ရှားရှား သိမြင်အောင် အဲဒီ နည်းနဲ့ လုပ်ဆောင် ပေးမှာ ဖြစ်ပါတယ်။

စမ်းသပ်မှု တွေဟာ ကနဦး အဆင့်သာ ရှိသေးပြီး တကယ်တန်း ထိရောက်တယ် ဆိုတာ သေချာ စေနိုင်ဖို့ နောက်ထပ် ကျယ်ကျယ် ပြန့်ပြန့် လေ့လာဖို့ လိုသေးတယ်လို့ ဆေးပညာရှင် တချို့က သတိပေး နေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ