ပျက်စီးသွားတဲ့ ဆီးရီးယား ပြန်လည်ထူထောင်ရေး အကြီးအကျယ်လို

Image caption ပြန်လည်ထူထောင်ရေး အကြီးအကျယ် လိုမယ်

ဆီးရီးယား နိုင်ငံမှာ ကုလသမဂ္ဂ အစီအစဉ်နဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်ဖို့ တာဝန်ပေးခံရတဲ့ Abdullah al-Dardari က လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် ပျက်စီး ဆုံးရှုံး ထိခိုက်ရတဲ့ အသေးစိတ် အခြေအနေကို ပြောပြခဲ့ပါတယ်။

ဆီးရီးယားရဲ့ အမျိုးသား ထုတ်လုပ်မှု စွမ်းအားဟာ ၄ဝ ရာခိုင်နှုန်း လျော့ကျသွားပြီး ကုလသမဂ္ဂ သတ်မှတ်ချက် ဖြစ်တဲ့ ဆင်းရဲမွဲတေမှု အဆင့်အောက်မှာ နေထိုင်ရသူ နှစ်သန်းလောက် ရှိရာကနေ နှစ်နှစ်အတွင်း ငါးသန်းထိ တိုးလာခဲ့တယ်လို့ သူက ဆိုပါတယ်။

ပြန်လည် ထူထောင်ရေး အတွက် ဒေါ်လာ သန်းရှစ်ထောင်လောက် ကုန်ကျလိမ့်မယ် ၊ တိုင်းပြည်မှာ ပဋိပက္ခတွေ ဆက်ဖြစ်ပြီး ပျက်စီးနေရင်တောင်မှ ပြန်လည် တည်ဆောက်ရေးကို အစီအစဉ်တွေ အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ မစ္စတာ အယ်လ် ဒါဒါရီက ပြောသွားခဲ့ပါတယ်။