မျက်ရည်တွေ မထိန်းနိုင်အောင် ဒေးဗစ်ဘက်ခမ်း ဝမ်းနည်းပြီ

Image caption နှုတ်ဆက်ဖို့ ကြေကွဲနေတဲ့ ဒေးဗစ်ဘက်ခမ်း

ပြင်သစ်က Paris St. Germain အသင်းမှာ ကပ္ပတိန် အဖြစ် ကစားနေတဲ့ ဒေးဗစ်ဘက်ခမ်းဟာ အဲဒီ အသင်းနဲ့ Brest ဘောလုံး အသင်းတို့ မနေ့ညက ကန်တဲ့ အခါ ပွဲစပြီး မိနစ် ၈၁ အကြာမှာ ခေတ္တ အစားထိုး သမားက ဘတ်ခမ်း နေရာမှာ ဝင်ရောက် ကစားခဲ့ပါတယ်။

၅ မိနစ်လောက် ကြာတဲ့အခါ သူဟာ မျက်ရည်တွေ မထိန်းနိုင်အောင် ဝမ်းနည်းပြီး ငိုပါတော့တယ်။

ဒေးဗစ် ဘက်ခမ်း ဟာ ဘောလုံး လောကထဲက အပြီး ထွက်ခွာ သွားတော့မယ် ဆိုတာကို သူ့အသင်းသားတွေက သိကြတော့ သူ့ကို ဝိုင်းချီမပြီး လေထဲမြောက်ကာ ကောင်းချီး သြဘာ ပေးခဲ့ကြပါတယ်။

အဲဒီ အချိန်မှာ ပွဲကြည့် ပရိသတ် တွေကလည်း မတ်တပ် ထရပ်ပြီး သြဘာပေးကြပါတယ်။

ပွဲလာကြည့်သူတွေထဲက တယောက်က နောက်တနှစ် ထပ်ကန်ပေးပါဦး ဆိုတဲ့ ပိုစတာလေး ကိုင်ပြီး မေတ္တာ ရပ်ခံတာကိုလည်း တွေ့ရပါတယ်။

ပရိသတ်တွေထဲမှာ ဘတ်ခမ်းရဲ့ မိသားစု အပြင် ပြင်သစ် သမ္မတဟောင်း နီကိုလပ် ဆာကိုဇီလည်း ပါဝင်ပါတယ်။

ဒေးဗစ်ဘက်ခမ်းတို့ Paris St. Germain အသင်းဟာ တဖက် အသင်းကို ၃ ဂိုး တဂိုး နဲ့ အနိုင်ရသွားခဲ့ပါတယ်။