ပါကစ္စတန် နိုင်ငံရေးသမား သေဆုံး

Zahra Shahid Hussain
Image caption Zahra Hussain ကို နေအိမ်နားမှာ ဆိုင်ကယ်ပေါ်က ပစ်သတ်သွား

ပါကစ္စတန် ခရစ်ကက် ကစားသမားImran Khan ရဲ့တရား မျှတရေး လှုပ်ရှားမှု ပါတီက ထိပ်တန်း နိုင်ငံရေး သမား တယောက်ရဲ့ နာရေး ကို ရာနဲ့ချီတဲ့ လူထု ပရိသတ် လိုက်ပါ ပို့ဆောင် ခဲ့ကြပါတယ်။

Zahra Shahid Hussain ကို သူနေတဲ့ အိမ်နားမှာပဲ မော်တော်ဆိုင်ကယ် ပေါ်က ပစ်သတ် သွားတာဖြစ်ပြီး နိုင်ငံရေး အနေအထား တင်းမာနေတဲ့ အချိန်မှာပဲ ကရာချိ မြို့မှာ သင်္ဂြိုဟ် ခဲ့တာ ဖြစ်ပါတယ်။

Imran Khan က သူနဲ့ နိုင်ငံရေး ပြိုင်ဘက် ဖြစ်တဲ့ MQM ပါတီရဲ့ ပစ်မှတ်ထား အကြမ်းဖက်မှုလို့ ပြစ်တင် စွပ်စွဲ ခဲ့ပါတယ်။

MQM ပါတီ ဘက်ကလဲ သူတို့နဲ့ မသက်ဆိုင်ကြောင်း ရှင်းချက် ထုတ်ပါတယ်။

ဒီလူသတ်မှုမှာ နိုင်ငံရေး ပယောဂ ပါဝင်မှု ရှိမရှိ ရဲက စုံစမ်း စစ်ဆေး နေတယ်လို့ ပြောပါတယ်။

အရင်တပတ် အထွေထွေ ရွေးကောက်ပွဲ အတွင်း မဲခိုးမှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်ကြောင့် ကရာချိ မြို့မှာ တနင်္ဂနွေနေ့က မဲရုံ တချို့မှာ မဲပြန်ပေး ခိုင်းခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ