ဆီးရီးယားတပ်တွေ ခဲဆဲလ်မြို့က သူပုန်တွေကို စစ်ဆင်

  • 19 မေ 2013
Image caption အမြောက်တွေနဲ့ ပစ်ခတ်မှုကြောင့် လူ ၂၀ သေဆုံး သွားတယ်လို့ အတိုက် အခံ ဘက်က ပြောပါတယ်

ဆီးရီးယား နိုင်ငံမှာ သူပုန်တွေ ထိန်းချုပ် ထားတဲ့ ခဲဆဲလ် မြို့ ပတ်ဝန်း ကျင်မှာ သီတင်း ပတ်နဲ့ ချီပြီး တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့ ပြီးနောက် အခုတော့ အစိုးရ တပ်တွေ ကနေ အဲဒီ မြို့ကို ပြန်သိမ်းဖို့ အတွက် စစ်ဆင် ရေးကြီး တခု စတင် နေပြီ ဖြစ်ကြောင်း ဆီးရီးယားက လာတဲ့ သတင်းတွေ က ဆိုပါတယ်။

ဆီးရီးယား နိုင်ငံပိုင် ရုပ်သံက ကြေညာ သွားရာ မှာတော့ အစိုးရ တပ်တွေ ကနေ အဲဒီမြို့မှာရှိတဲ့ အကြမ်းဖက် သမားတွေကို ဝိုင်းထားပြီ ဖြစ်တယ် လို့ ဆိုပါတယ်။

နောက်ပြီး မြို့တောင်ပိုင်းက သူပုန်တွေရဲ့ ကွပ်ကဲရေး စခန်းတွေ ကိုလည်း မောင်းထုတ် နိုင်ခဲ့ပြီလို့ ကြေညာသွား ပါတယ်။

အတိုက် အခံ ဘက်က သတင်းတွေ အရတော့ အမြောက်တွေနဲ့ ပစ်ခတ်မှုကြောင့် လူ ၂၀ သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲဒီ ခဲဆဲလ် မြို့ဟာ သူပုန်တွေ အတွက် မဟာဗျူဟာ အရ အရေးပါတဲ့ စခန်း နေရာ ဖြစ်ပါတယ်။ မြို့တည်ရှိတဲ့ နေရာ ကတော့ ဒမားစကပ်စ် မြို့နဲ့ မြေထဲ ပင်လယ် ကမ်းရိုးတန်း အကြား ခရီး တဝက် လောက် နေရာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ