နီဂျဲမှာ စစ်တန်းလျားနဲ့ မြောက်ပိုင်းက ယူရေနီယံမိုင်း တိုက်ခိုက်ခံရ

  • 24 မေ 2013
Image caption နီဂျဲက စစ်သွေးကြွေတွေ

နီဂျဲမှာ စစ်တန်းလျားတွေနဲ့ နိုင်ငံမြောက်ပိုင်းက ယူရေနီယံ သတ္တုမိုင်းတို့မှာ စစ်သွေးကြွတွေရဲ့ ကားဗုံး ဖောက်ခွဲ တိုက်ခိုက်မှု နှစ်ခု တပြိုင်တည်း နီးပါး ဖြစ်ခဲ့ပြီး လူနှစ်ဆယ်ကျော် သေဆုံး ခဲ့ပါတယ်။

Agadezစစ်တန်းလျားတိုက်ခိုက်မှုမှာတော့ သေဆုံးသူတွေဟာ စစ်သားတွေ ဖြစ်ပါတယ်။

တိုက်ခိုက်ရေး သမား စစ်သွေးကြွ လေးယောက်လည်း သေဆုံးသွားခဲ့ပြီး အသက်မသေဘဲ ကျန်ရစ်သူ တယောက်က စစ်တန်းလျားထဲက စစ်သား တော်တော်များများကို ဓါးစာခံ အဖြစ် ဖမ်းသွားတယ်လို့ အစိုးရ အဖွဲ့ထဲက ဝန်ကြီးတယောက်က ပြောပါတယ်။

ပြင်သစ် နျူကလီးယား ကုမ္ပဏီ Areva ရဲ့ ယူရေနီယံ သတ္တုတွင်းကို ပစ်မှတ်ထား တိုက်ခိုက်မှုမှာလည်း အလုပ်သမား တယောက် သေဆုံးသွားပြီး တခြားသူတွေ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒေသန္တရ သတင်းတွေ အရ သတ္တု သန့်စင် စက်ရုံလည်း အကြီးအကျယ် ထိခိုက် ပျက်ဆီး သွားခဲ့ပြီး စက်ရုံ ရပ်ထားဖို့ ဖိအားပေး ခံခဲ့ရတယ်လို့ အာရီဗာ ကုမ္ပဏီက ပြောပါတယ်။