လေဆင်နှာမောင်း အပျက်အစီးကြားက ကယ်ထုတ်မှုတွေ ရပ်တော့မယ်

Image caption လေဆင်နှာမောင်းကြောင့် ဖြစ်သွားတဲ့ အပျက်အစီး

အမေရိကန် ပြည်ထောင်စု အိုကလာဟိုးမား မြို့ဆင်ခြေဖုံး အရပ်မှာ အင်အားပြင်း လေဆင်နှာမောင်း တိုက်ခိုက်သွားခဲ့ပြီး အပျက်အစီးတွေကြားက အသက်ရှင်ကျန် နေတဲ့သူတွေကို ရှာဖွေမှု အဆုံးသတ် လုနီးပါး ဖြစ်နေပြီလို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။

လေဆင်နှာမောင်းကြောင့် သေဆုံးသူ ၂၄ယောက်နဲ့ ဒဏ်ရာရသူ ၂ဝဝ ကျော် ရှိပြီး သေဆုံးသူထဲက ၉ယောက်ဟာ ကလေးတွေ ဖြစ်ကြပါတယ်။

အပျက်အစီးတွေကြားမှာ အလောင်းတွေ ၊ အသက်မသေဘဲ ကျန်ရစ်သူတွေ ထပ်မတွေ့နိုင်တော့ဘူး ဆိုတာ သေချာသလောက် ရှိနေပြီလို့ ဒေသန္တရ မီးသတ်နဲ့ ကယ်ဆယ်ရေး ဋ္ဌာန အကြီးအကဲက ပြောပါတယ်။

အဲဒီ ဒေသမှာ တနာရီကို ကီလိုမီတာ ၃ဝ၀နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် အိမ်တွေ ၊ ကျောင်းတွေ နဲ့ ရုံးတွေ ပြိုကျ ပျက်စီး သွားခဲ့တာ ဖြစ်ပါတယ်။

လေဆင်နှာမောင်းကြောင့် အမှတ်အသားတွေ ပျောက်ကုန်တဲ့ အတွက် ရပ်ကွက် တွေကို သိနိုင်ဖို့ ဒေသ ဆိုင်ရာ အာဏာပိုင်တွေကမနည်း ကြိုးစား နေရတယ်လို့ အိုကလာ ဟိုးမား အုပ်ချုပ်ရေးမှူး မေရီ ဖောလင်းက ပြောပါတယ်။