တရုတ် သမ္မတသစ်ကို အိုဘားမား နောက်လ တွေ့မယ်

  • 21 မေ 2013
Image caption ရှီကျင်းပင် နဲ့ အိုဘားမား အရင် တွေ့ဆုံပွဲတုန်းက

အမေရိကန် သမ္မတ အိုဘားမားဟာ လာမယ့် လကျရင် ကယ်လီဖိုးနီးယားမှာ တရုတ် ခေါင်းဆောင်သစ် Xi Jinping ကို လက်ခံ တွေ့ဆုံ လိမ့်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ မတ်လက စပြီး တရုတ် သမ္မတ ရာထူးကို စယူခဲ့တဲ့ မစ္စတာ ရှီနဲ့ အိုဘားမားတို့ရဲ့ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ လေးနှစ် အတ္ငင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ တိုးတက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ ခေါင်းဆောင် နှစ်ယောက် ပြန်လည် သုံးသပ်ပြီး အနာဂတ် ဆက်ဆံရေး ပူးပေါင်း မြှင့်တင်ဖို့နဲ့ အမြင် မတူတာတွေကို အပြုသဘောနဲ့ ကိုင်တွယ် ဖြေရှင်းဖို့ ဆွေးနွေးလိမ့်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။