အခွန်ရှောင်မှု တားဆီးဖို့ အီးယူ ခေါင်းဆောင်တွေ ဆွေးနွေး

  • 22 မေ 2013
eu_coin
Image caption အီးယူ နိုင်ငံတွေမှာ အခွန်ရှောင်မှုကြောင့် ဒေါ်လာ ထရီလီယံနဲ့ ချီပြီး နစ်နာနေပါတယ်။

နိုင်ငံတကာ ကုမ္ပဏီတွေရဲ့ အခွန်တိမ်းရှောင်မှု တွေကို တားဆီး နိုင်ဖို့ အတွက် ဥရောပနိုင်ငံ တွေက ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

ဘရပ်ဆဲလ်မြို့မှာ မတွေ့ဆုံ ဖြစ်ခင်မှာ အိုင်ယာလန် စီမံကိန်း ဝန်ကြီး ရစ်ချတ် ဘာတန်က နိုင်ငံတကာ ကုမ္ပဏီ ကြီးတွေက တနိုင်ငံက အခွန်ကို ပေးပြီး နောက်နိုင်ငံမှာ အခွန်သက်သာဖို့ လုပ်နေတာမျိုး တွေကို တားဆီး နိုင်ဖို့ ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုတယ်လို့ ပြောပါတယ်။

ဥရောပ သမဂ္ဂဝင် နိုင်ငံတွေ အတွင်းမှာ အဲဒီလို အခွန်ရှောင် နေကြတာတွေကြောင့် တနှစ်ကို ဒေါ်လာ ၁ ဒဿမ ၃ ထရီလီယံလောက် နစ်နာ နေရပါတယ်။

ဒါကြောင့်လည်း ဥရောပရဲ့ အကြီးဆုံး စီးပွားရေး နိုင်ငံကြီးတွေက တနိုင်ငံနဲ့ တနိုင်ငံ အခွန်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် တွေကို ဖလှယ်ဖို့ အတွက် လိုလား နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ