ဟစ်ဇ်ဘိုလာ အကြမ်းဖက် သတ်မှတ်ဖို့ ဆို

  • 23 မေ 2013
Hezbollah
Image caption ဟစ်ဇ်ဘိုလာ နဲ့ အာဆတ် မဟာမိတ် ဆက်ဆံရေးရှိ

ဟစ်ဇ်ဘိုလာ အဖွဲ့ ကို အကြမ်းဖက် အဖွဲ့ စာရင်းသွင်း ဖို့ ဗြိတိန်နဲ့ ပြင်သစ်တို့က တခြား ဥရောပ သမဂ္ဂဝင် နိုင်ငံတွေကို နှိုးဆော် လိုက်ပါတယ်။

လက်ဘနွန် အခြေစိုက် ရှီအက် မွတ်ဆလင် အုပ်စုဟာ ဆီးရီးယား သမ္မတ အာဆတ် တပ်တွေနဲ့ အတူ ဆီးရီးယား ပြည်တွင်းစစ်မှာ တိုက်ခိုက် နေတာ ဖြစ်ပါတယ်။

ဘူလ်ဂေးရီးယား နိုင်ငံက အစ္စရေး ကမ္ဘာလှည့် ခရီးသည်တွေကို တိုက်ခိုက်မှု လက်သည်လို့လဲ ဒီအဖွဲ့ကို စွပ်စွဲ ထားတာပါ။

ဆီးရီးယား ပြည်သူတွေ အပေါ် ဟစ်ဇ်ဘိုလာ တိုက်ခိုက်မှုတွေ အတွက် ဒီလို ပြောဆိုရကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရန့် ဖေးဘီးယပ်စ်က ပြောပါတယ်။

သမ္မတ ဘရှား အာဆတ် အတွက် ဆီးရီးယားမှာ အလားအလာ မရှိတော့တဲ့ အတွက် အတိုက်အခံ တွေကို ပိုပြီး ကူညီ ထောက်ပံ့ သွားမယ်လို့ လဲ ဆီးရီးယား မဟာမိတ် နိုင်ငံတွေ စုပေါင်းထားတဲ့ ဆီးရီးယား မိတ်ဆွေများ အဖွဲ့က ပြောကြား လိုက်ပါတယ်။

ဂျော်ဒန်မှာ နာရီ အတော်ကြာ အောင် ဆွေးနွေးပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ အီရန်နဲ့ လက်ဘနွန် အခြေစိုက် အစ္စလာမ္မစ် အုပ်စု တွေ ဆီးရီးယားက ချက်ချင်း ထွက်သွားဖို့လဲ နိုင်ငံ ၁၁ နိုင်ငံက တောင်းဆို ထားပါတယ်။

ဒီလို ဝင်ပြီး ခြေရှုပ် နေတဲ့ အတွက် ဒေသတွင်း မတည်ငြိမ်မှုကို စိုးရိမ်ရတယ်လို့လဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ