ဗြိတိန်မှာ လေယာဉ်တစင်းကို အရေးပေါ်ဆင်းခိုင်း

breaking_news

ဗြိတိန်နိုင်ငံ မန်ချက်စတာ လေဆိပ်ကို ဦးတည် ပျံသန်း လာတဲ့ ခရီးသည်တင် လေယာဉ် တစင်းကို ဗြိတိသျှ လေတပ်က Typhoon တိုက်လေယာဉ် တွေကို စေလွှတ်ကာ စောင့်ကြပ်စေပြီး မြေပြင်ပေါ်ကို ဆင်းသက် စေခဲ့တယ်လို့ ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး ဌာနက ပြောပါတယ်။

ပါကစ္စတန် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ ပါကစ္စတန် နိုင်ငံ လာဟိုး မြို့ကနေ ဗြိတိန်က မန်ချက်စတာ မြို့ဆီကို ခရီးသယ် ၂၉၇ ယောက်ကိုတင်ဆောင် ပျံသန်း လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လို ပျံသန်းလာစဉ် လမ်းခရီးမှာ လေယာဉ်ပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တခုကြောင့် အခုလို တိုက်လေယာဉ်တွေ လွှတ်ပြီး စောင့်ကြပ်စေကာ မန်ချက်စတာ လေဆိပ်အစား လန်ဒန် မြို့အနီးက စတန်းစတဒ် လေဆိပ်မှာ ဆင်းသက် စေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး ဝင်လာတဲ့ သတင်းတခု မှာတော့ လူ ၂ ယောက်ကို လေယာဉ် အန္တရာယ် ဖြစ်အောင် ကြံစည်တဲ့ မသင်္ကာမှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။