တရုတ်နဲ့ ဆွစ်တို့ လွတ်လပ်တဲ့ကုန်သွယ်ရေး စလုပ်

  • 25 မေ 2013
တရုတ်နဲ့ ဆွစ် နှစ်နိုင်ငံကြား ကုန်သွယ်ရေး စာချုပ် လက်မှတ်ထိုး
Image caption တရုတ်နဲ့ ဆွစ် နှစ်နိုင်ငံကြား ကုန်သွယ်ရေး စာချုပ် လက်မှတ်ထိုး

တရုတ်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့ဟာ အင်အား တောင့်တင်းတဲ့ စီးပွားရေးရှိကြပြီး အချင်းချင်း စီးပွားရေး တိုးချဲ့ကြမှာ ဖြစ်ပါတယ်။ ဥရောပတခွင် ခရီးလှည့်တဲ့အခါ တရုတ် ဝန်ကြီးချုပ် ဆွစ်ကို ပထမဆုံးဝင်ရောက်ပြီး နှစ်နိုင်ငံကြားမှာ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရဖို့ အနောက်နိုင်ငံက အင်အားကြီးတဲ့ စီးပွာရေး ဆွစ်နိုင်ငံနဲ့ ပထမဆုံး လက်မှတ်ထိုးခဲ့ပါတယ်။

ဆွစ်အိမ်နီးချင်း ဂျာမနီ နိုင်ငံအနေနဲ့ ဒီလိုသဘောတူညီချက် လိုချင်ပေမယ့် အီးယူဥရောပ ၂၆နိုင်ငံတို့နဲ့ အတူအရင် ညှိနှိုင်းရဦးမှာဖြစ်ပါတယ်။ အီးယူအဖွဲ့ဝင် မဟုတ်တဲ့ ဆွစ်ကတော့ ညှိစရာမလိုဘဲ တနိုင်ငံထဲ လုပ်လို့ရတဲ့အတွက် အခုအခါ အမ်အိုယူ နားလည်မှု စာချွန်လွှာထိုးနိုင်ပြီဖြစ်ပါတယ်။

ဒီသဘောတူညီချက် အရဆိုရင် ဆွစ်အနေနဲ့ စက်ပစ္စည်း နာရီ ဆေးပစ္စည်းနဲ့ တရုတ်က အများကြီး ဝယ်ချင်နေတဲ့နို့ထွက် ပစ္စည်းတွေကို တိုးမြှင့်ရောင်းချနိုင်တော့မှာဖြစ်ပါတယ်။ တရုတ် ဘက်ကတော့ အထည်အလိပ်နဲ့ လယ်ယာထွက် ကုန်ပစ္စည်းတွေပိုရောင်းဖို့ ပြင်နေပြီး တကယ်လို့ တရုတ်ယွမ်ငွေကို ပြည်ပမှာ စရောင်းဖို့ စဉ်းစားမယ်ဆိုရင် ဆွစ်နိုင်ငံက ငွေလဲလှယ်ရေး ဗဟိုစျေးကွက် ဖြစ်နိုင်ချေ အရှိဆုံးလို့ တရုတ်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။