အာဆက်ဒ် ဖယ်ရင် အကြမ်းဖက်မှု တိုးလာမယ်လို့ ဟစ်ဇဘိုလာပြော

Image caption ဟစ်ဇဘိုလာ ခေါင်းဆောင် Hassan Nasrallah

ဆီးရီးယား ပဋိပက္ခမှာ သမ္မတ အာဆက် အောင်ပွဲ ခံနိုင်အောင် သူတို့ရဲ့ တိုက်ခိုက်ရေး သမားတွေက ပူးပေါင်း ကူညီမယ်လို့ လက်ဘနွန် နိုင်ငံက ဟစ်ဇဘိုလာ လှုပ်ရှားမှု ခေါင်းဆောင် က ပြောကြား လိုက်ပါတယ်။

ဆီးရီးယား သမ္မတကို ဖယ်ရှားတာဟာ အကြမ်းဖက်မှု တိုးလာအောင် လုပ်သလို ဖြစ်သွားလိမ့်မယ် ၊ ဒါဟာ အရှေ့အလယ်ပိုင်းကို အမှောင် ခေတ်ထဲ ရောက်သွားအောင် တွန်းပို့ လိုက်တာဘဲလို့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ဟစ်ဇဘိုလာ ခေါင်းဆောင် ရှိတ်ခ် ဟတ်ဒ်ဆန် နက်စ်ရာလာ့ က သတိပေး လိုက်ပါတယ်။

လက်ဘနွန် နယ်စပ်နားက ဗျူဟာကျတဲ့ ဆီးရီးယား မြို့တမြို့ ဖြစ်တဲ့ ကူဆဲ ကို အစိုးရ တပ်တွေက ပြန်သိမ်းနိုင်ဖို့ တိုက်ခိုက်ရာမှာ ဟစ်ဇဘိုလာက ထောက်ပံ့ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားမှာ သူပုန်တွေသာ အနိုင်ရသွားရင် လက်ဘနွန်ရဲ့ အကျိုးစီးပွား ထိခိုက်နိုင်တယ် လို့ ဆိုပြီး သူတို့ အဖွဲ့ရဲ့ ပါဝင် ပတ်သက်မှုကို ရှိတ်ခ် နက်စရာလာ့ က ကာကွယ် ပြောကြားခဲ့ပါတယ်။

ဆီးရီးယား ပဋိပက္ခမှာ အစိုးရ တပ်တွေဖက်ကနေ ဟစ်ဇဘိုလာ တိုက်ခိုက်ရေး သမားတွေက ဝင်တိုက်ပေးနေတာ ဖြစ်ပါတယ်။