မာလီက ပြင်သစ်တပ်တွေ ပြန်ဆုတ်မယ်

Image caption မာလီ အစိုးရရဲ့ အကူအညီ တောင်းခံချက် အရ ပြင်သစ် တပ်ဖွဲ့ဝင် ၄ ထောင် စေလွှတ် ထားတာ ဖြစ်ပါတယ်

မာလီ နိုင်ငံမှာ တပ်စွဲ ထားတဲ့ ပြင်သစ် တပ်ဖွဲ့ တွေကို ပြန်ရုပ် နေပြီ ဖြစ်ရာ ပထမ အဆင့် အနေနဲ့ မြို့တော် ဘာမကို အပြင်ဘက် စစ်စခန်း တခု ကနေ စစ်ဖက် ဆိုင်ရာ ပစ္စည်း တွေကို စတင် ဖယ်ရှား နေပြီ ဖြစ်ပါတယ်။

တင့်ကားတွေ တင်ဆောင် ထားတဲ့ ကားကြီးတွေ၊ ဂျစ်ကား တွေနဲ့ တခြား ပစ္စည်း ပစ္စယတွေကို အဲဒီ စခန်း ကနေ အိုင်ဗရီ ကို့စ် နိုင်ငံကို စတင် ဖယ်ရှား နေပြီ ဖြစ်တယ် လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တုန်းက မာလီ အစိုးရရဲ့ အကူအညီ တောင်းခံချက် အရ ပြင်သစ် ကနေ မာလီကို တပ်ဖွဲ့ဝင် ၄ ထောင် စေလွှတ် ခဲ့တာ ဖြစ်ပါတယ်။

မာလီ အစိုးရဟာ အစ္စလာမ် စစ်သွေးကြွ တွေနဲ့ ခွဲထွက်ရေး တွာရက် သူပုန် တွေကို တိုက်ခိုက်ဖို့ ပြင်သစ် ကနေ အကူ အညီ တောင်းခံ ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ မာလီ အများစု ကတော့ ပြင်သစ် တပ်ဖွဲ့တွေ ပြန်ရုပ်ဖို့ အချိန် မတန် သေးဘူးလို့ ယူဆ နေကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အကြောင်း ကတော့ မာလီ တပ်ဖွဲ့တွေဟာ နယ်ခြား ဒေသကို ကောင်းကောင်း မကာကွယ် နိုင်သေး တာကြောင့်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ