ဆီးရီးယားမှာ တိုက်ပွဲတွေ ပြင်းထန်

  • 25 မေ 2013
Image caption အစိုးရ တပ်ဖွဲ့တွေဟာ စစ်မျက်နှာ သုံးခု ဖွင့်ပြီး၊ မြို့ကို ချီတက် တိုက်ခိုက် နေ

ဆီးရီးယား နိုင်ငံ အနောက်ဘက်က မဟာဗျူဟာ အရ အရေး ပါတဲ့ ခူဆဲလ်မြို့ကို ထိန်းချုပ် နိုင်ရေး အတွက် တိုက်ခိုက် မှုတွေ အကြီး အကျယ် ပြန်ဖြစ် နေတယ်လို့ အစိုးရနဲ့ သူပုန် နှစ်ဘက်စလုံး ကနေ သတင်း ထုတ်ပြန် ပါတယ်။

အစိုးရ တပ်ဖွဲ့တွေဟာ စစ်မျက်နှာ သုံးခု ဖွင့်ပြီး၊ မြို့ကို ချီတက် တိုက်ခိုက် နေကြောင်း အစိုးရ သတင်း ဌာနက ကြေညာ ပါတယ်။

သူပုန် တိုက်ခိုက်ရေး သမား အများ အပြားလည်း သေဆုံး သွားတယ်လို့ ဆိုပါတယ်။

အတိုက် အခံ တက်ကြွ လှုပ်ရှားသူတွေ ပြောတာ ကတော့ မြို့ရဲ့ သူပုန်တွေ ထိန်းချုပ် ထားတဲ့ အပိုင်းဘက်ကို လက်နက်ကြီး တွေနဲ့ အကြီး အကျယ် တိုက်ခိုက် နေတယ်လို့ ဆိုပါတယ်။

နောက်ပြီး ဆီးရီးယား အစိုးရနဲ့ မဟာမိတ် လုပ်ထားတဲ့ လက်ဘနွန်က ဟက်ဇ်ဘိုလာ တိုက်ခိုက်ရေး သမားတွေပါ အစိုးရဘက် ကနေ ဝင်တိုက် နေတယ် လို့လည်း ပြောပါတယ်။