ကိုလံဘီယာ အစိုးရနဲ့ သူပုန် သဘောတူညီချက်ရ

  • 27 မေ 2013
Humberto de la Calle
Image caption လယ်သမားတွေ ဘဝ အပြောင်းလဲကြီး ရဖို့ ကူညီမယ်

ကိုလံဘီယာ အစိုးရနဲ့ လက်ဝဲ ဝါဒီ FARC သူပုန်တွေ အကြား ကျူးဘား နိုင်ငံမှာ ၆ လ ကျော် ငြိမ်းချမ်းရေး ဆွေးနွေး ပြီးနောက် လယ်ယာမြေ ပြုပြင်ရေး သဘောတူညီချက် ရခဲ့ပါတယ်။

ဒီ လယ်ယာမြေ ကိစ္စဟာ နှစ်ပေါင်း ၅ဝ ကြာ တိုက်ခိုက်နေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး အတွက် ပထမဆုံးနဲ့ အရေးကြီးဆုံး ကိစ္စရပ်တခု ဖြစ်ပါတယ်။

ကိုလံဘီယာ နိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခ အတွင်း အဓိက ကျတဲ့ လယ်ယာမြေ မျှဝေရေးနဲ့ ကျေးလက် ကြီးပွားရေး ဆိုတဲ့ အရေးကြီးတဲ့ ကိစ္စတွေကို အင်တိုက် အားတိုက် ပြုပြင် ပြောင်းလဲရေးအတွက် တောင်းဆို ထားတယ်လို့ နှစ်ဘက် ပူးတွဲ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကိုလံဘီယာ လယ်သမားတွေ ဘဝကို အပြောင်းလဲကြီး ပြောင်းလဲရစေဖို့ ကူညီ ပေးသွားမှာ ဖြစ်ကြောင်း အစိုးရ ဘက်က ညှိနှိုင်းရေး အကြီးအကဲ Humberto de la Calle ဆိုပါတယ်။

ငြိမ်းချမ်းရေး အတွက် ဒီသဘော တူညီမှုက အရေးပါတဲ့ ခြေလှမ်း တရပ် ဖြစ်တယ် လို့ ဟာဗားနား မြို့တော်က ဘီဘီစီ သတင်းထောက်က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ