တောင်ပိုင်းဆူဒန်ကို ဘတ်ရှီယား ခြိမ်းခြောက်

Image caption ဆူဒန် သမ္မတ နိုင်ငံ သမ္မတ အိုမာအယ် ဘတ်ရှီးယား

ဆူဒန် နိုင်ငံက သူပုန်တွေကို တောင်ပိုင်း ဆူဒန်က ထောက်ပံ့မှု မရပ်ရင် တောင်ပိုင်း ဆူဒန်ရဲ့ ရေနံ တင်ပို့မှုကို ပိတ်ထားမယ်လို့ ဆူဒန် သမ္မတ အိုမာ အယ်လ် ဘတ်ရှီးယား က ခြိမ်းခြောက်လိုက်ပါတယ်။

တောင်ပိုင်း ခေါ်ဒိုဖန် ပြည်နယ်က သူပုန်ထိန်းချုပ်ရာ အဘူခါရှိုလာမြို့ကို ပြန်လည် သိမ်းပိုက်ခဲ့တယ်လို့ ဆူဒန် စစ်တပ်က ပြောကြားခဲ့ပြီး နာရီပိုင်း အကြာ ခါတွန်းမြို့က လူအုပ်ကြီးကို သမ္မတ ဘတ်ရှီယားက မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက ဆူဒန်နဲ့ တောင်ပိုင်း ဆူဒန်တို့ဟာ နယ်စပ်ဖြတ်ကျော် ရေနံ တင်ပို့မှုကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြပေမယ့် ဆက်ဆံရေးက တင်းမာနေစဲ ဖြစ်ပါတယ်။

ခေါ်ဒိုဖန် တောင်ပိုင်းနဲ့ Blue Nile ပြည်နယ်တွေက သူပုန်တွေဟာ ပြည်တွင်းစစ်ဖြစ်တုန်းက တောင်ပိုင်း ဆူဒန်ဖက်က ရပ်တည် ပေးခဲ့တာ ဖြစ်ပေမယ့် ၂ဝ၁၁ ခုနှစ်မှာ ဆူဒန် နှစ်နိုင်ငံ ကွဲသွားတဲ့ အခါ အဲဒီ ပြည်နယ်တွေဟာ ဆူဒန် သမ္မတ နိုင်ငံထဲမှာ ကျန်ခဲ့တာ ဖြစ်ပါတယ်။