ဒစ်ဂျစ်တယ် ငွေလဲလှယ်ရေး ကုမ္ပဏီတခုကို အမေရိကန် စွဲချက်တင်

Image caption ရုပ်မြင်ဖန်သားမှာ ဂျပန်က အစုရှယ်ယာ ငွေကြေး စျေးကွက်ကို ဖော်ပြ

အင်တာနက် ပေါ်ကနေ ငွေကြေး ရောင်းဝယ်မှုတွေဟာ ပိုက်ဆံ ခဝါချမှုတွေ အကြီးအကျယ် ဖြစ်စေတယ်လို့ အမေရိကန် အစိုးရ ရှေ့နေတွေက စွပ်စွဲပြောဆို လိုက်ပြီး ကမ္ဘာအကြီးဆုံး ဒစ်ဂျစ်တယ် ငွေလဲလှယ်ရေး ကုမ္ပဏီကြီးတခုကို စွဲချက်တင် လိုက်ပါတယ်။

ကော့စတာ ရီကာ အခြေစိုက် ကုမ္ပဏီ တခု ဖြစ်တဲ့ Liberty Reserve ဟာ ဒေါ်လာ သန်းခြောက်ထောင်လောက် ငွေကြေးခဝါချခဲ့တယ်လို့ နယူးယောက်မြို့ အစိုးရ ရှေ့နေ တွေက ပြောပါတယ်။

အမေရိကန်က အဲဒီ ကုမ္ပဏီရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ပြီး ဒီအဖွဲ့အစည်းဟာ ရာဇဝတ်ကောင်တွေ အသုံးပြုရာဘဏ်ဘဲလို့ အစိုးရ ရှေ့နေ တွေက ဆိုပါတယ်။

ကွန်ပြူတာ အင်တာနက်ကို အသုံးပြုပြီး ရာဇဝတ်သားတွေ တရားမဝင် မူးယစ်ဆေးဝါး မှောင်ခို မှု ၊ ကလေး တွေရဲ့ ညစ်ညမ်း ဓါတ်ပုံ ရောင်းချမှုနဲ့ သူများရဲ့ ကိုယ်ရေး အချက်အလက် ခိုးယူပြီး ရရှိတဲ့ ငွေကြေးတွေကို ခဝါချရာမှာ ဒါဟာ အဓိက နည်းလမ်း တခုဘဲလို့ သူတို့က ပြောပါတယ်။