ဧဝရက်တောင်ကို ပထမဆုံး လူသားတွေ တက်ရောက်တာ နှစ်၆၀ပြည့်

  • 29 မေ 2013
ဧဝရက်တောင်ထိပ်ကို ခက်ခက်ခဲခဲ တက်နေကြစဉ်
Image caption ဧဝရက်တောင်ထိပ်ကို ခက်ခက်ခဲခဲ တက်နေကြစဉ်

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို လူသားတွေ အောင်မြင်စွာ တက်နိုင်တဲ့ နှစ်၆၀ပြည့် အခမ်းအနားတွေကို နီပေါနိုင်ငံ တဝှမ်းမှာ ကျင်းပနေပါတယ်။ လွန်ခဲ့တဲ့ နှစ်၆၀က Edmund Hillary နဲ့ Sherpa Tenzing Norgay တို့က မေလ၂၉ရက်မှာ ပထမဆုံး လူသားတွေအဖြစ် အမြင့်ဆုံး တောင်ထိပ်ကို ခြေချနိုင်ခဲ့ပါတယ်။

နှစ်၆၀ပြည့်ပွဲတွေအဖြစ် ဧဝရက် တောင်တက်တဲ့ အခြေစိုက်စခန်း သန့်ရှင်းရေးနဲ့ ကုန်းမြင့်ပိုင်း မာရသွန် ပြိုင်ပွဲတွေ ပြုလုပ်လျက်ရှိပါတယ်။ နှစ်၆၀အတွင်း ဧဝရက် တောင်ထိပ်ကို လူပေါင်း၅၀၀၀ တက်ရောက်နိုင်ပြီ ဖြစ်ပါတယ်။ အခုအခါ တောင်တက်သူအ ရေအတွက်ကို ကန့်သတ်ဖို့ နီပေါ အာဏာ ပိုင်တွေက စဉ်းစား နေကြပါတယ်။