ဗြိတိသျှ စစ်သား သတ်မှု စတင်စွဲဆို

woolwich
Image caption တပ်သား ကို လမ်းမှာ ဓားနဲ့ ထိုးသတ်ခဲ့ကြ

လန်ဒန်မှာ အရင်ပတ်က ဗြိတိသျှ စစ်သား တယောက်ကို လမ်းပေါ်မှာ သတ်မှုနဲ့ သံသယ ရှိသူ ၂ ယောက်ထဲက တယောက်ကို လူသတ်မှုနဲ့ စွဲဆို ခဲ့ပါတယ်။

အင်္ဂါနေ့က ဆေးရုံက ဆင်းလာတဲ့ Michael Adebowale ကို ကြာသပတေးနေ့ မနက်မှာ လန်ဒန် တရားရုံး တရုံးမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။

အားလပ်ချိန်မှာ အပြင်ထွက်လာတဲ့ တပ်သား Lee Rigby ကို အရင်ပတ်က လမ်းမှာ ဓားနဲ့ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

နောက် သံသယ ရှိသူ တယောက်ကတော့ ဆေးရုံမှာ အစောင့် အရှောက်နဲ့ ရှိဆဲ ဖြစ်ပါတယ်။

သူတို့ ၂ ယောက်လုံးကို အခင်း ဖြစ်ပွားရာမှာပဲ ရဲက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီး ခဲ့တာပါ။

ဒီလူသတ်မှုကို အစ္စလာမ် ဘာသာရေး အကြမ်းဖက်မှု အဖြစ် ဗြိတိသျှ အာဏာပိုင်တွေက ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ