ခူဆဲလ်မြို့က သူပုန်တွေ အတွက် တပ်ကူတွေရောက်

  • 31 မေ 2013
Image caption လူပေါင်း ၉၀၀ လောက် ဒဏ်ရာ ရရှိ သွားခဲ့တဲ့ အတွက် ဆေးကုသမှု ပေးနေ ရတယ်လို့ ပြောပါတယ်

ဆီးရီးယား နိုင်ငံ ခူဆဲလ်မြို့ ကနေ အစိုးရ တပ်တွေနဲ့ ဟက်ဇ်ဘိုလာ တိုက်ခိုက်ရေး သမားတွေကို တိုက်ထုတ်ဖို့ အတွက် ဆီးရီးယား သူပုန် တပ်ကူတွေ အဲဒီမြို့ကို ရောက်ရှိလာ ပြီ ဖြစ်တယ်လို့ အတိုက်အခံ တက်ကြွသူတွေက ပြောပါတယ်။

မြို့ထဲ မှာတော့ လူပေါင်း ၃ သောင်းလောက် ကျန်ရှိ နေပြီး၊ သူတို့ရဲ့ အခြေ အနေဟာ ငရဲကျ သလိုမျိုး ဖြစ်နေတယ်လို့ ဆီးရီးယား အတိုက် အခံ မဟာမိတ် အဖွဲ့ ယာယီ ဥက္ကဌ ဂျော့ စဘရာ က ပြောပါတယ်။

ဒဏ်ရာ ရရှိ သူတွေကို မနက်ပိုင်းက သယ်ထုတ် သွားဖို့ ကြိုးစား ရာမှာလည်း တိုက်ခိုက် မှုတွေ ပြန်ဖြစ် လာတာ ကြောင့် မအောင်မြင် ခဲ့ဘူး လို့ သူက ပြောပါတယ်။ လူပေါင်း ၉ ဦး လည်း သေဆုံး သွားတယ်လို့ ဆိုပါတယ်။

လူပေါင်း ၉၀၀ လောက် ဒဏ်ရာ ရရှိ သွားခဲ့တဲ့ အတွက် အားချင်း ဆေးကုသမှု ပေးနေ ရတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း ဆီးရီးယား အစိုးရ တပ်တွေ ကတော့ ခူဆဲလ် မြို့ကို ပြန်သိမ်းလု နီးပါ ဖြစ်နေပြီး၊ သူပုန် တွေဟာ မြို့နေရာ ၈ ရာခိုင်နှုန်း လောက်ကို သာ ထိန်းထား နိုင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ