ပြင်သစ် စစ်သားကို ဓါးနဲ့ ထိုးသတ်မှုနဲ့ ပတ်သက်လို့ တရားစွဲပြီ

Image caption အခင်းဖြစ်ပွားတုန်းက စုံစမ်းစစ်ဆေးနေပုံ

ပြီးခဲ့တဲ့ စနေနေ့တုန်းက ပြင်သစ် စစ်သားကို ဓါးနဲ့ ထိုးသတ်ခဲ့တဲ့ အသက်နှစ်ဆယ့် နှစ်နှစ် အရွယ်ရှိ Alexandre Dhaussy ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ပြင်သစ် တရားသူကြီး တယောက်က တရားစွဲဆိုခဲ့ပါတယ်။

မစ္စတာ Dhaussy ဟာ အစ္စလာမ် ဘာသာကို ကူးပြောင်း ကိုးကွယ်ခဲ့သူ တယောက် ဖြစ်ပြီး အကြမ်းဖက်မှုနဲ့ ဆက်စပ်လို့ လူသတ်ရန် ကြိုးစားမှုနဲ့ စွပ်စွဲခံ နေရတာ ဖြစ်ပါတယ်။

သူဟာ ပါရီ မြို့က လူစည်ကားတဲ့ နေရာမှာ ကင်းလှည့်နေတဲ့ စစ်သားရဲ့ လည်ပင်းကို ဓါးနဲ့ ထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အဖြစ်အပျက် မတိုင်ခင် အစောပိုင်း နေ့တွေတုန်းက လန်ဒန်မှာ ဖြစ်ခဲ့တဲ့ ဗြိတိသျှ စစ်သား တယောက်ကို လမ်းပေါ်မှာ အစ္စလာမ် ဝါဒီ တယောက်က သတ်ဖြတ်မှုက ပါရီမြို့က ဓါးထိုးမှု အပေါ် လွှမ်းမိုးမှု ရှိကောင်း ရှိနိုင်တယ်လို့ ပြင်သစ် ရဲက ပြောပါတယ်။