ခူစဲမြို့မှာ ဒုက္ခသည်တွေ ရိက္ခာ ၊ ရေ ၊ ဆေးဝါး ပြတ်လပ်ကာ ပိတ်မိနေ

  • 2 ဇွန် 2013
Image caption အရပ်သားတွေ ပိတ်မိနေတဲ့ Qusair မြို့ အခြေအနေ

ဆီးရီးယား နိုင်ငံ ခူဆဲမြို့မှာ လူမှု ကယ်ဆယ် ကူညီရေးတွေ လုပ်ဆောင် နိုင်အောင် သူတို့ကို ချက်ချင်း ဝင်ခွင့်ပေးပါ ဆိုတဲ့ ပန်ကြားချက်ကို ကုလသမဂ္ဂနဲ့ ကြက်ခြေနီ အသင်း တို့က တပြိုင်နက်တည်း ထုတ်ပြန်လိုက်ပါတယ်။

ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေရဲ့ နှစ်ပတ်ကြာ ပြင်းထန်စွာ တိုက်ခိုက်ခံရပြီးတဲ့နောက် အဲဒီမြို့မှာ အခြေအနေတွေက ဆိုးဝါး နေတယ်လို့ သိရပါတယ်။

ထောင်သောင်း ချီတဲ့ ဒေသခံတွေဟာ ရိက္ခာ အနည်းငယ်နဲ့ ရေ ၊ ဆေးဝါး ပြတ်လပ်ကာ ပိတ်မိနေတဲ့ အတွက် ချက်ချင်း အပစ်ရပ်စဲကာ သူတို့ကို ဝင်ခွင့်ပေးဖို့ ကုလသမဂ္ဂက ပန်ကြားလိုက်ပါတယ်။

အဲဒီဒေသမှာ အရပ်သားတွေ သေကြေ ထိခိုက်နေရတာနဲ့ ပတ်သက်လို့ တိုက်ခိုက်မှုမှာ ပါဝင်နေတဲ့ အဖွဲ့စည်းတွေ အားလုံးက တာဝန်ယူရမယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

အစိုးရ တပ်တွေက ထပ်ပြီး တိုက်လာရင် လက်နက်ကိုင် သူပုန်တွေဖက်က တုန့်ပြန်ဖို့ အဆင်သင့်ဘဲလို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့အပါအဝင် ဆီးရီးယား အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

လက်ဘနွန်က ဟစ်ဇဘိုလာတွေ ၀င်ကူတိုက် ပေးနေတဲ့ အတွက် ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေ ဟာ အင်အား တောင့်တင်း ခိုင်မာလာပြီး ကူစဲမြို့မြောက်ပိုင်းမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာခဲ့တာလို့ သူတို့က ဆိုပါတယ်။