ဆီးရီးယား မှာ ဓာတုလက်နက် သုံးတာတွေ့ရလို့ ကုလပြော

  • 4 ဇွန် 2013
syria_un
Image caption ဆီးရီးယားမှာ ဓာတုလက်နက်တွေသုံးတာ တွေ့ရလို့ ကုလသမဂ္ဂကပြော

ဆီးရီးယား နိုင်ငံ အတွင်းက လူ့အခွင့် အရေး ချိုးဖောက်မှု တွေနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ အစီရင် ခံစာ ထဲမှာ ဆီးရီးယား က တိုက်ပွဲတွေ အတွင်းမှာ ဓာတု လက်နက်တွေ သုံးစွဲခဲ့တဲ့ အထောက် အထား တွေ တွေ့ရှိ ထားတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေး သူတွေက အစိုးရ တပ်တွေဘက်က ဓာတုလက်နက် တွေကို ၄ ကြိမ်လောက် အသုံးပြုခဲ့ပြီး အတိုက်အခံတပ်ဖွဲ့ တွေဘက်က တကြိမ် သုံးစွဲခဲ့တာကို တွေ့ ရှိထားကြောင်း ဆိုပါတယ်။ ဒါပေမယ့် ဘယ်လို လက်နက် အမျိုးအစားတွေကို သုံးစွဲ ခဲ့တယ်ဆိုတာကိုတော့ ပြောလို့ မရနိုင်ဘူးလို့ပြောပါတယ်။

ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ရဲ့အကြီး အကဲ ပေါ်လို ဆာဂျီယို ပင်ညဲရိုး က အဆိပ်ဖြစ်စေတဲ့ ဓာတု လက်နက်တွေ သုံးထားတယ်လို့ ယုံကြည်လောက်တဲ့ အထောက် အထားတွေ ရှိကြောင်း၊ ဘယ်ဓာတု ပစ္စည်း အမျိုးအစား တွေကို သုံးခဲ့တယ် ဘယ်လို သုံးစွဲခဲ့တယ် ဆိုတာတော့ ပြောလို့ မရသေးတဲ့ အကြောင်းနဲ့ စုံစမ်း မှုတွေ လုပ်နေဆဲ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အခု အစီရင်ခံစာကလည်း အဲဒီ ဓာတုလက်နက် တွေနဲ့ တိုက်ခိုက် ခံခဲ့ရသူတွေ၊ ဆေးဘက် ဆိုင်ရာ ဝန်ထမ်း တွေနဲ့ တခြား မျက်မြင် သက်သေ တွေဆီက ဖွင့်ဟ ချက်တွေကို အခြေခံ ထားတာ ဖြစ်ပါတယ်။

အဲဒီက ဘီဘီစီ သတင်းထောက် ကတော့ ဆီးရီးယား မှာ ရက်စက် ကြမ်းကြုတ် မှုတွေ ဘက်ကို ဦးတည် နေပြီ ဖြစ်ပြီး သတ်ဖြတ် မှုတွေမှာ ကလေး သူငယ်တွေ ကိုပါ အသုံးချ နေကြောင်းနဲ့ ခေါင်းဖြတ် တာမျိုးတွေ အပါအဝင် အဆိုးဝါး ဆုံး နည်းတွေ သုံးပြီး တိုက်ခိုက် သတ်ဖြတ် မှုတွေကို ကျူးလွန် နေကြတာ မျိုးက လုပ်ရိုး လုပ်စဉ်လို ဖြစ်လာ နေတဲ့ အကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ