ဆန္ဒပြသူတွေနဲ့ တူရကီ ဒုဝန်ကြီးချုပ် ဆွေးနွေးမယ်

turkey protests
Image caption တူရကီက ဆန္ဒပြနေကြသူများ

တူရကီ နိုင်ငံမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြ နေသူ တွေထဲက ခေါင်းဆောင် တချို့နဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ တူရကီဒုတိယဝန်ကြီးချုပ် ဘူးလန့်အာရင်(ချ)က ပြောလိုက်ပါတယ်။

ဒါကတော့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ တွေရဲ့ အခြေအနေကို ပိုကြီးထွား မလာအောင် အစိုးရ ဘက်က ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ရေဆပ် တေယစ် အာဒိုဝန် နိုင်ငံတွင်းမှာ မရှိချိန်မှာ အစားတာဝန် ထမ်းဆောင် နေတဲ့ မစ္စတာ အာရင်(ချ)က သမ္မတ အဗ္ဗဒူလာ ဂူးလ် နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့အပြီးမှာ သတင်းထောက် တွေကို အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ အာရင်(ချ)က ဆန္ဒပြမှုတွေ စတင် ကြီးမား ကျယ်ပြန့် လာခဲ့ရတဲ့ အစဖြစ်တဲ့ အစ္စတန်ဘူလ် ပန်းခြံကို ထိန်းသိမ်း ဖို့ အတွက် စတင် ဆန္ဒပြခဲ့ကြတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် သူတွေတွေနဲ့တွေ့ဆုံ သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။

ဒီနေ့ အစောပိုင်းကတော့ အစ္စတန်ဘူလ် မြို့တော် ထဲမှာ ဆန္ဒပြသူတွေ စုရုံး ခဲ့ကြပြီး ရဲတွေဆီကို ခဲတွေနဲ့ ပစ်ပေါက် ခဲ့ကြတဲ့ အတွက် သူတို့ကို ဖြိုခွဲဖို့ ရဲက မျက်ရည်ယို ဗုံးတွေ သုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ