ကင်ညာ ကို ဗြိတိသျှ နစ်နာကြေးပေးမယ်

  • 5 ဇွန် 2013
mau mau
Image caption လွတ်မြောက်ရေး တိုက်ပွဲ ဝင်နေတဲ့ မောမော သူပုန် တွေကို နှိမ်နင်းခဲ့

၁၉၅ဝ ပြည့်လွန် နှစ်တွေတုန်းက ညှဉ်းပန်း နှိပ်စက် ခံရတယ် ဆိုတဲ့ ထောင်နဲ့ချီတဲ့ ကင်ညာ နိုင်ငံသား တွေ အတွက် ဗြိတိသျှ အစိုးရက နစ်နာကြေး ပေးဖို့ ကြာသပတေး နေ့မှာ ကြေညာမယ် လို့ ယူဆ ရပါတယ်။

အဲဒိချိန် တုန်းက ကိုလိုနီ ဘဝက လွတ်မြောက်ရေး အတွက် တောင်းဆို တိုက်ပွဲ ဝင်နေတဲ့ မောမော သူပုန် တွေနဲ့ ဗြိတိသျှ အစိုးရ ရင်ဆိုင် နေရတဲ့ အချိန် ဖြစ်ပါတယ်။

နစ်နာ ထိခိုက် ခဲ့ရသူတွေ အတွက် အထူး ဝမ်းနည်းကြောင်း ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိဂ်က ပြောကြားပြီး ဒေါ်လာ သန်း ၂ဝ လောက် ထိုက်တန်တဲ့ နစ်နာကြေး ပေးမယ်လို့ သိရပါတယ်။

ကင်ညာ နိုင်ငံသား ငါးထောင် ကျော် အတွက် ဗြိတိသျှ ဥပဒေ အဖွဲ့က စီစဉ် ဆောင်ရွက် ပေးနေတာ ဖြစ်ပြီး ကြေလည်အောင် ညှိနှိုင်း နေတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးရုံးက မကြာခင်ကပဲ အတည်ပြု ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ