ဆီးရီးယား အတွက် ကူညီငွေ စံချိန်တင် တောင်းဆို

  • 7 ဇွန် 2013
Image caption ဒေါ်လာ သန်း ၄၄၀၀ ရရှိရေး ပန်ကြား ခဲ့တာ ပါလို့ ကုလ အကြီး အကဲ ဗလာရီ အာမို့စ်က ရှင်းလင်း ပြောကြား

ဆီးရီးယားနဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ကယ်ဆယ်ရေး ဆောင်ရွက် မှုတွေ အတွက် ကုလသမဂ္ဂ ကူညီ ကယ်ဆယ်ရေး အေဂျင်စီတွေ ကနေ နောက်ထပ် ကူညီငွေ ဒေါ်လာ သန်း လေးထောင်ကျော် တောင်းခံ လိုက်ပါတယ်။

ကူညီငွေ ထပ်မတောင်း ဖို့ မျှော်လင့် ထားခဲ့ ပေမယ့် လိုအပ်ချက် တွေကြောင့် ၂၀၁၃ အတွက် ဒေါ်လာ သန်း ၄၄၀၀ ရရှိရေး ပန်ကြား ခဲ့တာ ပါလို့ ကုလသမဂ္ဂ လူသားချင်း ကူညီမှု ဆိုင်ရာ၊ အကြီး အကဲ ဗလာရီ အာမို့စ်က ဂျနီဗာ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား သွားပါတယ်။

ကုလသမဂ္ဂ သမိုင်းမှာ ကူညီငွေ ပမာဏ အခုလောက် အထိ မေတ္တာရပ်ခံ တာဟာ ဒါ အများဆုံး ဖြစ်ပြီး၊ အရင်တုန်း ကတော့ ဒေါ်လာ သန်းတထောင်သာ တောင်းခံ ထားတာ ဖြစ်ပါ တယ်။

နိုင်ငံ အပြင်ကို ထွက်လာမယ့် ဒုက္ခသည် အရေ အတွက် နဲ့ ဆီးရီးယား နိုင်ငံ ထဲမှာ လိုအပ်မယ့် ကိစ္စရပ် တွေဟာ အများကြီး တိုးလာ လိမ့်မယ်လို့ ကုလသမဂ္ဂ က ခန့်မှန်း ထားပါတယ်။

ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေကို အစောဆုံး အနေနဲ့ ဇူလိုင်လ မတိုင်ခင် အချိန် အထိ ရွှေ့ဆိုင်း လိုက်ပြီးနောက် ၂ ရက် အကြာ မှာပဲ ကုလသမဂ္ဂ ကနေ အခုလို အကူ အညီ တောင်းခံ လိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ