တရုတ်နဲ့ ကန် ဆက်ဆံရေး ပုံစံ ပြောင်းမယ်

  • 8 ဇွန် 2013
Image caption အပြော သက်သက် မဟုတ်ဘဲ အဓိပါယ် ရှိတဲ့ ပြောကြား ချက်တွေ ဖြစ်

ကမ္ဘာ့ အင်အားကြီး နှစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ် နိုင်ငံ တို့ရဲ့ ဆက်ဆံရေး ပုံစံ ပြောင်းလဲ ပုံဖေါ်ရေး အတွက် အင်မတန်မှ အရေးကြီး လှတဲ့ နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကို အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ စတင် နေပြီ ဖြစ်ပါတယ်။

အမေရိကန်ကို ရောက်ရှိ နေတဲ့ တရုတ် သမ္မတ ရှီဂျင်ပင်းနဲ့ သမ္မတ အိုဘားမားတို့ ဆွေးနွေး ကြတာ ဖြစ်ပြီး၊ ဆွေးနွေးပွဲ အစမှာ သမ္မတ အိုဘားမားက နှစ်နိုင်ငံ ဖြစ်စဉ် တွေဟာ ဆက်စပ် မှုတွေ ရှိနေတယ် ဆိုတဲ့ အကြောင်း အလေး အနက် ပြောကြားသွား ပါတယ်။

တရုတ် သမ္မတ ကလည်း နှစ်နိုင်ငံ ဆက်ဆံရေး ပုံစံ သစ်ကို အားသွန် ခွန်စိုက် လုပ်ဆောင် သွားရ မယ်လို့ ပြောကြား ပါတယ်။

သမ္မတ နှစ်ဦးရဲ့ ပြောဆိုချက် တွေဟာ အပြော သက်သက် မဟုတ်ဘဲ အဓိပ္ပါယ် ရှိတဲ့ ပြောကြားချက် မျိုးတွေ ဖြစ်တယ်လို့ အဲဒီမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ပရိယာယ်များတဲ့ နှစ်နိုင်ငံ အကြား ဆက်ဆံရေးဟာ ကမ္ဘာကြီး အတွက် အင်မတန်မှ အရေးကြီးတယ် ဆိုတာကို သမ္မတ နှစ်ဦးစလုံးက သိနေကြ တာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ