တရုတ်အမေရိကန် ထိပ်သီးဆွေးနွေးပွဲစ

  • 8 ဇွန် 2013
သမ္မတနှစ်ဦး အရင်တခေါက်က အိမ်ဖြူတော်မှာတွေ့ခဲ့
Image caption သမ္မတနှစ်ဦး အရင်တခေါက်က အိမ်ဖြူတော်မှာ တွေ့ခဲ့

ကမ္ဘာ့ သြဇာအကြီးမားဆုံး ခေါင်းဆောင် နှစ်ယောက်တို့ဟာ ညစာ စားသောက်ကြရင်း အလွတ်သဘော ကမ္ဘာ့အရေးကြီး ပြဿနာတွေ ပြောကြ ဆိုကြမှာ ဖြစ်ပါတယ်။ ဒါဟာ ခေါင်းဆောင် နှစ်ယောက်ကြား အလုပ် သဘောရော ပုဂ္ဂိုလ်ရေးပါ ဆက်ဆံရေး တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။

ဒီဆက်ဆံရေးကတဆင့်ကမ္ဘာ့အင်အားကြီး၂နိုင်ငံကြား အင်တာနက် လုံခြုံရေးပြဿနာ ကုန်သွယ်ရေးကိစ္စ မြောက်ကိုရီးယားအရေး ဆီရီးယားစစ်နဲ့ တောင်တရုတ်ပင်လယ်လို အရေးအခင်းတွေကို ဖြေရှင်ဖို့ ကြိုးပမ်း အဖြေရှာနိုင်မှာဖြစ်ပါတယ်။ ရှေ့ရှောက် ပြဿနာကြီးထွားလာနိုင်မယ့်ကိစ္စတွေ ကာကွယ်ဖို့ လည်းလမ်းစတွေ ရကြမှာဖြစ်ပါတယ်။

မကြာမီကဘဲ တရုတ်သမ္မတရှီကျင်းပင်က အင်အားကြီး ဆက်ဆံရေး ပုံစံသစ်လိုနေပြီလို့ အမေရိကန် ထိပ်တန်းအရာရှိ တယောက်ကိုပြောခဲ့ပါတယ်။ ဘယ်လို ပုံစံဆက်ဆံရေးမျိုး ထွက်မယ်ဆိုတာ ပုံဖေါ်ဖို့ အခုအခါ အခွင့်အရေး ရလာနိုင်ပါတယ်။ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေမပါဘဲ ပွင့်လင်းတဲ့ ထိပ်သီး ဆွေးနွေးပွဲမျိုးဟာ ရှားပါးပြီးတရုတ် အမေရိကန် နှစ်နိုင်ငံသာမက ကမ္ဘာ့စီးပွားရေး အနာဂတ်အတွက်ပါ အရေးကြီး တဲ့အကြောင်း လော့အင်ဂျလိစ်ရှိ ဘီဘီစီ သတင်းထောက်က ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ