ကိုရီးယား ၂ နိုင်ငံ ဆွေးနွေးပွဲ ပြန်စမယ်

  • 9 ဇွန် 2013
လနဲ့ချီ ဖြစ်ပွား ခဲ့တဲ့ ကိုရီးယား ကျွန်းဆွယ် တင်းမာ မှုတွေ လျော့ကျ လာတဲ့ လက္ခဏာ တခု ဖြစ်

၆ နှစ် အတွင်း ကိုရီးယား ၂ နိုင်ငံရဲ့ ပထမဆုံး အဆင့်မြင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံဖို့ သဘော တူလိုက်ပြီ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို တောင်ကိုရီးယား မြို့တော် ဆိုးလ်မှာ ဒီသီတင်းပတ် ထဲ နောက် ၂ ရက် အကြာမှာ ပြုလုပ်ဖို့ ရှိပါတယ်။

နယ်စပ်က စစ်မဲ့ဇုန်မှာ ၂ နိုင်ငံ အရာရှိငယ်တွေ ၁၈ နာရီကြာ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်အပြီး ဒီလို သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။

တောင်နဲ့ မြောက် ၂ နိုင်ငံကြား ရပ်ဆိုင်းနေတဲ့ ကုန်သွယ်ရေးနဲ့ ခရီးသွား လုပ်ငန်းတွေ ပြန်လည် စတင်ဖို့ ကိစ္စတွေပါ ထည့်သွင်း ဆွေးနွေးမယ်လို့ ယူဆရပါတယ်။

မြောက်ကိုရီးယား ဘက်ကတော့ နှစ်နိုင်ငံ ပူးတွဲ ဂဲ့ဆောင်း စက်မှုဇုန် ကို ပြန်ဖွင့်ရေး အပါ အဝင် ပူပေါင်း ဆောင်ရွက် မှုတွေ အတွက် ဆွေးနွေးဖို့ အဆိုပြုထား ပါတယ်။

ဂဲ့ဆောင်း စက်မှုဇုန်မှာ မြောက်ကိုရီးယား တို့က သူတို့ရဲ့ အလုပ် သမား ၅ သောင်းကို ပြီးခဲ့တဲ့ လကမှ ပြန်ရုပ် သွားတဲ့ အတွက် ပိတ်ထား ခဲ့တာ ဖြစ်ပါတယ်။

တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံက အရာရှိတွေဟာ ၂ နှစ်ကျော် အချိန် ကာလ အတွင်း ပထမဆုံး အကြိမ် ဆွေးနွေး မှုတွေ ပြုလုပ်နိုင် ခဲ့တဲ့ အတွက် ဒါဟာ လနဲ့ချီ ဖြစ်ပွား ခဲ့တဲ့ ကိုရီးယား ကျွန်းဆွယ်က တင်းမာ မှုတွေ လျော့ကျ လာတဲ့ လက္ခဏာ တခု ဖြစ်ပါတယ်။

၂ နိုင်ငံကြား စစ်ဖြစ်လုခမန်း စစ်ရေး တင်းမာမှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ