တူရကီ အာဏာပိုင်တွေက အင်အားသုံး ဖြိုခွဲလို့ ရုန်းရင်းဆန်ခတ် ထပ်ဖြစ်

Image caption တူရကီက ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွား

တူရကီ နိုင်ငံ မြို့တော် အန်ကာရာမှာ သူတို့ အဆိုအရ ဝန်ကြီချုပ် ရာဂျစ် တေရစ်ပ် အယ်ဒိုဝမ် ရဲ့ အာဏာရှင် ဆန်တဲ့ အပြုအမူ ကို မကျေနပ်လို့ ထောင်သောင်းချီတဲ့ သူတွေက ဆက်လက် ဆန္ဒပြနေကြတာကို ရဲတွေက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေသုံးပြီး ဖြိုခွဲခဲ့တဲ့ အတွက် ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အစ္စတန် ဘူးလ်မြို့က တက်ဆင် ရင်ပြင်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ဝင်ရောက် နှိမ်နင်းတာ မရှိခဲ့ပါဘူး။

ပုံမှန်တော့ ဒီဆန္ဒပြသမားတွေဟာ ဖက်ဆစ်ဝါဒီ ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးကြသလို ဝန်ကြီးချုပ် ရာထူးက ဆင်းပေးဖို့တွေ တောင်းဆိုကြတာ ဖြစ်ပေမယ့် အခုတော့ ဆန္ဒပြ လူအုပ်ကြီးဟာ အစ္စတန်ဘူးလ်က ဘောလုံး ကလပ် အသင်း သုံးသင်းကို အားပေး ထောက်ခံသံတွေ အော်ဟစ် ခဲ့ကြပါတယ်။