လေထု ညစ်ညမ်းမှု တရုတ် လျှော့ချသွားမယ်

  • 16 ဇွန် 2013
Image caption တရုတ်နိုင်ငံက လေထု ညစ်ညမ်းမှု ကြောက်မက်ဖွယ်

တရုတ် နိုင်ငံမှာ လေထု ညစ်ညမ်းမှု အခြေအနေဟာ လက်မခံနိုင်လောက်တဲ့ အနေအထား ဖြစ်လာတာမို့ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့ချရေး အစီအစဉ်တွေကို အစိုးရက ကြေညာခဲ့ပါတယ်။

၂ဝ၁ရ ခုနှစ်မှာ စက်မှုလုပ်ငန်းတွေ ကနေ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လုပ်မှု ၃ဝ ရာခိုင်နှုန်း အထိ ပစ်မှတ်ထား လျော့ချသွားဖို့ အစိုးရ အဖွဲ့က အတည်ပြု ပေးခဲ့ပါတယ်။

စက်မှု လုပ်ငန်းရှင် ကုမ္ပဏီတွေ အနေနဲ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး ကိရိယာတွေ တပ်ဆင်ပြီး လေထု သန့်စင်မှု ရှိလာအောင် တာဝန်ယူ လုပ်ဆောင်ရမယ် ၊ တကယ်လို့ သတ်မှတ်ထားတဲ့ နှုန်းထက် လေထု ညစ်ညမ်းမှု ရှိလာရင် တရားဥပဒေကြောင်း အရ အပြစ်ပေး အရေးယူမယ်လို့ ဆိုပါတယ်။

သတ်မှတ်ထားတဲ့ စံတွေနဲ့ မကိုက်ညီတဲ့ စက်မှုလုပ်ငန်း စီမံကိန်းသစ်တွေကိုလည်း လုပ်ကိုင်ခွင့် မပေးတော့ဘူးလို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အမြဲတမ်း ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။