ဂီဇီ ပန်းခြံ မွမ်းမံရေး လူထု ဆန္ဒ ခံမယ်

  • 13 ဇွန် 2013
taksim
Image caption ပန်းခြံ ထဲက ဆန္ဒပြသူ တွေကို အစိုးရ နှင်ထုတ်

အစ္စတန် ဘူလ် မြို့က ဂီဇီ ပန်းခြံ မွမ်းမံရေး စီမံကိန်း နဲ့ ပတ်သက်ပြီး လူထု ဆန္ဒ ခံယူ ဖို့ စီမံနေတယ်လို့ တူရကီ အာဏာရ အေကေ ပါတီက ပြောကြား လိုက် ပါတယ်။

ဒီစီမံကိန်းကြောင့် နိုင်ငံ တလွှား အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက် ခဲ့ပြီး ပန်းခြံ ထဲက ဆန္ဒပြသူ တွေကို ထွက်သွားဖို့လဲ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ပါတယ်။

ပန်းခြံဘေးက တက်ဆင်မ် ရင်ပြင်နားမှာ ဆန္ဒပြ သမားတွေ ပြန်ပြီး စုဝေး မိနေကြ ပြန်ပြီ ဖြစ်ပါတယ်။

အန်ကာရာ မြို့တော်မှာလဲ လုံထိန်း တွေက မျက်ရည်ယို ဗုံးတွေ သုံးပြီး ဆန္ဒပြ သူတွေကို လူစု ခွဲ ခဲ့ပါတယ်။

ဝန်ကြီးချုပ် မစ္စတာ အာဒိုဂန် နဲ့ ဆန္ဒပြ သမား အုပ်စု တစု တွေ့ဆုံပြီးနောက် ဒီလို ကမ်းလှမ်းချက် ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

တူရကီ မငြိမ်သက်မှု တွေကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဥရောပ အစိုးရ တွေက ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ကြပါတယ်။

ဆန္ဒပြ သူတွေ အပေါ် ရဲက အင်အား အလွန်အကျွံ သုံးတယ်လို့ အီတလီ နိုင်ငံ ခြားရေး ဝန်ကြီး Emma Bonino က ပြောကြား ပါတယ်။

ဥရောပ သမဂ္ဂ ဝင်ခွင့် ရရေး အတွက် တူရကီ ရဲ့ ဒီမိုကရေစီကို အကြီးအကျယ် စိန်ခေါ် စမ်းသပ် လိုက်တာပဲ လို့လဲ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ