လူငယ်နဲ့ အလုပ်လက်မဲ့ အကြောင်း ဂျာမန် ဝန်ကြီးချုပ် ပြော

  • 14 ဇွန် 2013
Image caption ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်

ဥရောပ တလွှားက လူငယ်တွေနဲ့ အလုပ်လက်မဲ့တွေဟာ အလုပ်ရှာဖို့အတွက် လှုပ်ရှား ပြင်ဆင်သင့်တယ်လို့ ဘီဘီစီကို ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်က ပြောပါတယ်။

အဲဒီလို လူတွေ အလုပ်မရှိ ဖြစ်နေတာဟာ ကြီးမားတဲ့ ပြဿနာ တရပ် ဖြစ်ပြီး သူတို့ မဖန်တီးတဲ့ ကိစ္စတခုကြောင့် သူတို့အပေါ် ထိခိုက်နေတာဟာ လူငယ်တွေ အတွက် မတရားဘူးလို့ မစ္စက် မာခဲလ်က ဆိုပါတယ်။

ဒါပေမယ့် လူငယ်တွေ အနေနဲ့လည်း ပိုမို တက်ကြွ လှုပ်ရှားကာ ယှဉ်ပြိုင် အနိုင်ရလိုစိတ် ရှိဖို့လိုတယ် ၊ အရှေ့ ဂျာမနီဖက်က သူ့မဲဆန္ဒ နယ်ထဲမှာ ဆိုရင် ကွန်မြူနစ် စနစ် ကျဆုံးသွားခဲ့ပြီးတဲ့နောက် လူငယ်တွေဟာ ရွေ့ပြောင်း လှည့်လည်ကာ အလုပ်ရှာခဲ့ကြတယ်လို့ သူက ပြောပါတယ်။

ယူရိုဇုံထဲက အသက် ၂၅ နှစ်အောက် လူငယ်တွေရဲ့ လေးပုံ တပုံဟာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ သိရပါတယ်။