ချက် ဝန်ကြီးချုပ် နုတ်ထွက်

  • 17 ဇွန် 2013
Jana Nagyova
Image caption ဝန်ကြီးချုပ် ရုံး အဖွဲ့မှူးကို ဖမ်းထားလိုက်

ချက် နိုင်ငံ မှာ လာဘ်စားမှု အရှုပ်တော်ပုံ ကြောင့် တနင်္လာနေ့မှာ ရာထူးက နုတ်ထွက် မယ်လို့ ဝန်ကြီးချုပ် Petr Necas က ပြောကြားလိုက် ပါတယ်။

ဝန်ကြီးချုပ် ရုံး အရာရှိ တယောက် ကိုလဲ လာဘ်စားမှု၊ အာဏာ အလွဲသုံးမှု တွေနဲ့ သောကြာနေ့က တရားစွဲ လိုက်ပြီး ထိန်းသိမ်း ထားပါတယ်။

တရားမဝင် စောင့်ကြည့် စစ်ဆေးမှုတွေနဲ့ ဒီအမှုတွေ ဆက်နွယ် နေတယ်လို့ အစိုးရ ရှေ့နေ တွေက ပြောဆို ပါတယ်။

ဝန်ကြီးချုပ် နဲ့ ပြတ်စဲ တော့မယ့် ဝန်ကြီးချုပ် ကတော်ကို အဓိက ထား စောင့်ကြည့်တာ ပါမယ် လို့လဲ ဆိုကြပါတယ်။

ဒီစောင့်ကြည့်မှု တွေနဲ့ ပတ်သက် ပြီး ဘာမှ မသိရ ကြောင်း ဝန်ကြီးချုပ် က ငြင်းဆို သွားပါတယ်။

မစ္စတာ Necas ရဲ့ Civic Democrat Party က ဝန်ကြီးချုပ်သစ် တယောက် ထပ်မံ ရွေးချယ်ဖို့ သဘော တူခဲ့ ပြီးနောက် ညွန့်ပေါင်း အစိုးရ ဆက်ပြီး အာဏာ တည်မြဲ နေမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ