အီရတ်နိုင်ငံ မြို့တွေမှာ ကားဗုံးခွဲ တိုက်ခိုက်

  • 16 ဇွန် 2013
Image caption ရှီယာ မွတ်ဆလင် အများစု ရှိတဲ့ ဒေသတွေမှာ အဆိုး ဝါးဆုံး ဖြစ်ပြီး၊ ဆူနီ ဒေသတွေ ဘက်လည်း တိုက်ခိုက် မှုတွေရှိ

အီရတ် နိုင်ငံ တလွှားက မြို့ ၈ မြို့မှာ၊ ကားဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွား ခဲ့ရာ၊ အနည်းဆုံး လူ ၃၀ သေဆုံး သွားခဲ့ ပါတယ်။

နှိုင်းယှဉ်ချက် အရ လုံခြုံရေး ပို စိတ်ချ ရတယ် ဆိုတဲ့ နိုင်ငံ တောင်ပိုင်းမှာ အဆိုးဝါးဆုံး ဖြစ်ပွား ခဲ့ပြီး၊ အဲဒီ ဘက်မှာ တိုက်ခိုက်မှု တွေဟာ အရပ်သား တွေကို ပစ်မှတ် ထားပုံ ပေါ်ပါတယ်။

မြောက်ဘက်ပိုင်း မှာတော့ အထူး သဖြင့် မိုဆူလ် နဲ့ ဆလာဟူဒင် ဘက်မှာ လုံခြုံရေး တပ်ဖွဲ့တွေ ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ပါတယ်။

ရှီယာ မွတ်ဆလင် တွေ အများစု ရှိတဲ့ ဒေသတွေမှာ အဆိုးဝါးဆုံး တိုက်ခိုက် မှုတွေ ဖြစ်ပွား ခဲ့ပြီး၊ ဆူနီ ဒေသတွေ ဘက်မှာလည်း တိုက်ခိုက် ခံရ တာတွေ ရှိတယ် လို့ ဘဂ္ဂဒက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ