G8 မှာ ဆီးရီးယား အရေး အလေးထားမယ်

  • 17 ဇွန် 2013
Image caption ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး အခြေခံ သဘောထား ကတော့ တူညီကြတယ်လို့ မစ္စတာ ကမ်မရွန်းပြော

ကမ္ဘာ့ စက်မှု အင်အားကြီး ၈ နိုင်ငံရဲ့ G8 ထိပ်သီး အစည်း အဝေး အတွက် ကမ္ဘာ့ ခေါင်းဆောင် တွေဟာ မြောက်အိုင်ယာလန်ကို ရောက်ရှိ နေကြပြီ ဖြစ်ပြီး၊ အစည်း အဝေး အစီ အစဉ်ထဲမှာ ဆီးရီးယား ပဋိပက္ခ ကိစ္စလည်း ပါဝင်မှာ ဖြစ်ပါတယ်။

နှစ်ရက်ကြာ ကျင်းပမယ့် ဒီ အစည်း အဝေး ကနေ ဆီးရီးယား အကျပ် အတည်း အဆုံးသတ် စေရေး ကြိုးပမ်း ဆောင်ရွက် မှုတွေကို အရှိန် ရစေအောင် ဆောင်ကျဉ်း ပေး နိုင်မယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက ပြောပါတယ်။

ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး ရုရှားရဲ့ ရပ်တည်ချက်ဟာ အမေရိကန်နဲ့ မဟာမိတ် ဥရောပ နိုင်ငံတွေ ရဲ့ သဘောထားနဲ့ ကွဲလွဲ နေပေမယ့်လည်း အခြေခံ သဘောထားကတော့ တူညီကြတယ်လို့ မစ္စတာ ကမ်မရွန်းက အလေးအနက် ပြောကြားပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ် ပေါ်ပေါက်လာရေး လိုအပ် နေတယ် ဆိုတာကို အားလုံးက နားလည်း ကြတယ်လို့ မစ္စတာ ကမ်မရွမ်းက သတင်းထောက်တွေကို ပြောကြား လိုက်ပြီး၊ အဲဒီလို ဖြစ်လာအောင် G8 ကနေ ကြိုးပမ်း လုပ်ဆောင် သင့်တယ်လို့ ဆိုပါတယ်။

ရုရှားကတော့ ဆီးရီးယား အစိုးရကို ထောက်ခံမှု ပေးထားပြီး၊ သူပုန်တွေကို လက်နက် ထောက်ပံ့မှုတွေ မလုပ်ဖို့ တနင်္ဂနွေ နေ့က အခိုင်အမာ သတိပေးထားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ