ထိုင်းသံဃာတွေ စည်းစိမ်ခံ နေထိုင်မှု ဝေဖန်ခံရ

  • 17 ဇွန် 2013
Thai monks
Image caption ဘန်ကောက်မြို့က ထိုင်း သံဃာ နှစ်ပါး

ထိုင်းနိုင်ငံမှာ သံဃာတော် တချို့ဟာ စည်းစိမ် ခံစား နေထိုင် လာနေကြတယ် ဆိုတဲ့ ပြောဆို မှုတွေ ထွက်လာ ပြီးတဲ့နောက် နိုင်ငံတဝန်းက သံဃာတော် တွေရဲ့ ပြုမူ နေထိုင်ပုံကို စောင့်ကြည့် သွားမယ်လို့ နိုင်ငံတော် ဗုဒ္ဓဘာသာ အဖွဲ့ အစည်းက ထုတ်ဖော် ပြော ပါတယ်။

ဗုဒ္ဓ ဘာသာဝင် ဘုန်းတော်ကြီး သုံးပါးက စျေးကြီးတဲ့ ဒီဇိုင်နာ အိတ်တွေ၊ နေကာ မျက်မှန်တွေကို သုံးပြီး ကိုယ်ပိုင် ဂျက် လေယာဉ်နဲ့ ခရီးသွား တာကို ပြတဲ့ ဗီဒီယိုခွေ ထွက်လာခဲ့ ပြီးတဲ့နောက် အခု လို စောင့်ကြည့်မယ့် ကိစ္စ ဖြစ်လာခဲ့တာပါ။

အဲဒီ ဘုန်းကြီးတွေရဲ့ ပြုမူ နေထိုင်ပုံဟာ အလို လောဘကို လျော့နည်း ရမယ် ဆိုတဲ့ ဗုဒ္ဓရဲ့ အဆုံး အမနဲ့ ဆန့်ကျင်နေတဲ့ အတွက် သူတို့ကို သတိပေး ထားပြီးဖြစ်ကြောင်း နိုင်ငံတော် ဗုဒ္ဓဘာသာ ဆိုင်ရာ ရုံးက ပြောပါတယ်။